စက်မှုဝန်ကြီးဌာန
အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း
စက်နှင့်စက်ပစ္စည်းများဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။    စက်မှုဝန်ကြီးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းရှိ အောက်ဖော်ပြပါ အထည်စက်ရုံနှင့် စက္ကူအိမ်သုံးစက်ရုံများအတွက် စက်နှင့်စက်ပစ္စည်းများအား ဝယ်ယူမည်ဖြစ်ပြီး စက်ရုံသို့အရောက် မြန်မာကျပ်ငွေဖြင့် ဝယ်ယူဖြည့်ဆည်းဆောင်ရွက်လိုပါသည်။
         (က)   အမှတ်(၁) အထည်စက်ရုံ (ရွှေတောင်)
         (ခ)     အမှတ်(၃) အထည်စက်ရုံ (စစ်ကိုင်း)
         (ဂ)     အမှတ်(၄) အထည်စက်ရုံ (ပွင့်ဖြူ)
         (ဃ)   အမှတ်(၅) အထည်စက်ရုံ (ပခုက္ကူ)
         (င)     အမှတ်(၇) အထည်စက်ရုံ (မြစ်သား)
         (စ)     အမှတ်(၇) အထည်စက်ရုံခွဲ (ဝမ်းတွင်း)
         (ဆ)    အမှတ်(၈) အထည်စက်ရုံ (ပျော်ဘွယ်)
         (ဇ)     အမှတ်(၈) အထည်စက်ရုံခွဲ (ရမည်းသင်း)
         (ဈ)     အမှတ်(၁၀) အထည်စက်ရုံ (တောင်သာ)
         (ည)    အမှတ်(၁၁) အထည်စက်ရုံ (ပခုက္ကူ)
         (ဋ)     အိမ်သုံးပစ္စည်းစက်ရုံ(မင်းစု)
၂။      ဈေးနှုန်းတင်သွင်းလွှာများကို ပေးသွင်းရမည့် အစီအစဉ်
         (က)    တင်ဒါပုံစံရောင်းချမည့်ရက်           -    ၂၄.၄.၂၀၂၃
         (ခ)    တင်ဒါပိတ်သိမ်းမည့်ရက်နှင့်အချိန်    -    ၂၆.၅.၂၀၂၃ ရက် ၁၆း၀၀ နာရီ
         (ဂ)    တင်ဒါတင်သွင်းရမည့်နေရာ            -    တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)၊ နေပြည်တော်
၃။    တင်ဒါပုံစံများကို ၂၄.၄.၂၀၂၃ ရက်မှစ၍ ရုံးချိန်အတွင်း စီမံရေးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)၊ နေပြည်တော်တွင် လာရောက်ဝယ်ယူနိုင်ပါသည်။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း(ရုံးချုပ်)၊ ဖုန်း ၀၆၇-၄၀၈၁၂၉၊ ၀၆၇-၄၀၈၀၇၀ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။