စက်မှုဝန်ကြီးဌာန
မြန်မာ့ဆေးဝါးလုပ်ငန်း
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ(အင်းစိန်)နှင့် ဆေးဝါးစက်ရုံ(အင်ရောင်း)တို့မှ ထုတ်လုပ်သေားဆေးဝါးများအား ကျန်းမာရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံး၊ အလုပ်သမားဝန်ကြီးဌာန(လူမှုဖူလုံရေးအဖွဲ့)တို့သို့ Door to Door စနစ်ဖြင့် ပေးပို့ရန်အတွက် ကုန်တင်ယာဉ်(၁၂)ဘီးယာဉ်၊ (၆)ဘီးယာဉ်များ ငှားရမ်းရန် အိတ်ဖွင့်တင်ဒါများ ပေးသွင်းနိုင်ပါသည်။
၂။ ဈေးနှုန်းတင်သွင်းလွှာပုံစံများ စတင်ရောင်းချမည့်ရက် - (၂၁.၄.၂၀၂၃) ရက်နေ့
တင်ဒါပိတ်မည့်ရက်နှင့်အချိန် - (၅.၅.၂၀၂၃) ရက်နေ့ (၁၆း၀၀)နာရီ
၃။ တင်ဒါပုံစံနှင့် တင်ဒါစည်းကမ်း အသေးစိတ်အချက်အလက်များကို အောက်ပါဌာနတွင်စုံစမ်းမေးမြန်းနိုင်ပါသည်။
မြန်မာ့ဆေးဝါးလုပ်ငန်း(ရုံးချုပ်)
ရုံးအမှတ်(၃၇) ၊ စက်မှုဝန်ကြီးဌာန ၊ နေပြည်တော်
ဖုန်း ၊ ၀၆၇-၃၄၀၈၃၇၇ ၊ ၀၆၇-၃၄၀၈၃၈၁
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
မြန်မာ့ဆေးဝါးလုပ်ငန်း