စက်မှုဝန်ကြီးဌာန၊ အမှတ် (၂)အကြီးစားစက်မှုလုပ်ငန်း၊
ဝင်းသူဇာအရောင်းဆိုင် (ရွာတော်)၊
ဆိုင်ခန်း(၄)ခန်း ငှားရမ်းရန်
အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း
စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်းပိုင် နေပြည်တော်၊ ပုဗ္ဗသီရိတပ်နယ်၊ မင်္ဂလာဈေး (ရွာတော်ရှိ) ဝင်းသူဇာအရောင်းဆိုင်ခန်း (B2-9)၊ (B2-10)၊ (B2-31)၊ (B2-32)၊ အကျယ်အဝန်း (၉'x၁၂'x ၁၅')ရှိ ဆိုင်ခန်း(၄)ခန်းအား (၁)နှစ်ချင်း သက်တမ်းတိုးမြှင့်၍ (၅)နှစ် စာချုပ်ချုပ်ဆို ငှားရမ်းမည်ဖြစ်သဖြင့် (၃.၇.၂၀၂၃) ရက်နေ့မှ (၁၀.၇.၂၀၂၃)ရက်နေ့အတွင်း အိတ်ဖွင့်တင်ဒါပေးသွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
တင်ဒါပုံစံဝယ်ယူရမည့်နေရာ - ရောင်းချဖြန့်ဖြူးရေးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊
စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၄၁)၊ နေပြည်တော်
တင်ဒါတင်သွင်းရမည့်နေရာ - ဦးဆောင်ညွှန်ကြားရေးမှူးရုံးခန်း၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊
ရုံးအမှတ် (၄၁)၊ နေပြည်တော်
ဆက်သွယ်ရန်ဖုန်းနံပါတ် - လုပ်ငန်းရုံးချုပ် (နေပြည်တော်)
၀၉၄၂၀၇၀၂၁၀၃
၀၆၇-၃၄၀၈၆၉၅/ ၃၄၀၈၆၉၇