စက်မှုဝန်ကြီးဌာန
အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်း
အိမ်သုံးပစ္စည်းစက်ရုံ (မင်းစု)အတွက် စက်ပစ္စည်းများဝယ်ယူရန်
အိတ်ဖွင့်တင်ဒါ သက်တမ်းတိုးခေါ်ယူခြင်း
၁။ စက်မှုဝန်ကြီးဌာန၊ အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်းမှ အိမ်သုံးပစ္စည်းစက်ရုံ (မင်းစု)အတွက် အောက်ပါစက်ပစ္စည်း (၁၁)မျိုးကို စက်ရုံသို့အရောက် မြန်မာကျပ်ငွေဖြင့် ဝယ်ယူဖြည့်တင်းဆောင်ရွက်လိုပါသဖြင့် အိတ်ဖွင့်တင်ဒါခေါ်ယူခဲ့ရာ တင်ဒါပိတ်ရက်ကို (၃၁.၇.၂၀၂၃)ရက်နေ့ထိ သက်တမ်းတိုးမြှင့်ထားပါသဖြင့် တင်သွင်းပါရန် ဖိတ်ခေါ်အပ်ပါသည်-
(က) Plastic Cone Mould & Die (1) Set
( ခ) Barrel & Screw Injection (1500 Ton) (1) Set
( ဂ) 8 gallon Plastic Can without Cover Injection Mould (1) Set
(ဃ) 6 gallon Plastic Can without Cover Injection Mould (1) Set
( င) Aluminium Forming Mould (1ml, 20ml) အပါအဝင် မိုလ် (၈)မျိုး (1) Set
( စ) Aluminium Forming Mould (2ml, 3ml, 5ml, 10ml) အပါအဝင် မိုလ် (၇)မျိုး (1) Set
(ဆ) Laser Blade Cutting Mould (1) Set
( ဇ) Vacuum Forming Machine (1) Set
(ဈ) Cutting Machine (1) Set
(ည) Chiller (1) Set
(ဋ) Air Compressor (1) Set
၂။ တင်ဒါဈေးနှုန်းတင်သွင်းလွှာများကို ပေးသွင်းရမည့်အစီအစဉ်
(က) တင်ဒါပုံစံရောင်းချမည့်ရက် - (၂၄.၄.၂၀၂၃) ရက်
( ခ) တင်ဒါပိတ်မည့်နေ့ရက်နှင့်အချိန် - (၃၁.၇.၂၀၂၃) ရက်နေ့ (၁၆:၀၀)နာရီ
( ဂ) တင်ဒါတင်သွင်းရမည့်နေရာ - တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
အမှတ် (၃) အကြီးစားစက်မှုလုပ်ငန်း၊
စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၇)၊
နေပြည်တော်
၃။ တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန်အတွင်း နည်းပညာဖွံ့ဖြိုးရေးဌာန၊ အမှတ် (၃)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၇)၊ နေပြည်တော် ဖုန်း ၀၆၇-၄၀၈၁၂၉ သို့ လာရောက်စုံစမ်းဝယ်ယူနိုင်ပါသည်။