စက်မှုဝန်ကြီးဌာန
မြန်မာ့ဆေးဝါးလုပ်ငန်း
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ မြန်မာ့ဆေးဝါးလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၏ အရှေ့ဘက်ဖျောက်ဆိပ်ပင်ရွာ သွားသည့်ကားလမ်း၏ မြောက်ဘက်ခြမ်း (၄)မိုင် (၂)ဖာလုံ အကွာတွင် တည်ရှိသော သောက်ရေသန့်စက်ရုံခွဲ (ကျောက်ဆည်)အား ငှားရမ်းရေး ဆောင်ရွက်ရန်အတွက် အောက်ပါအတိုင်း ဖိတ်ခေါ်အပ်ပါသည် -
တင်ဒါစတင်ရောင်းချမည့်ရက်နှင့်အချိန် - ၁.၈.၂၀၂၃ (ရုံးချိန်အတွင်း)
တင်ဒါ ပိတ်မည့် ရက်နှင့်အချိန် - ၃၁.၈.၂၀၂၃ (၁၆:၀၀ နာရီ)
လျှောက်လွှာပေးသွင်းရမည့်နေရာ - ဥက္ကဌ၊ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊
မြန်မာ့ဆေးဝါးလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊
ရုံးအမှတ် (၃၇)၊ နေပြည်တော်။
၂။ အသေးစိတ်သိရှိလိုပါက ရုံးဖုန်း - ၀၆၇-၃၄၀၈၁၄၀၊ ၀၆၇-၃၄၀၈၃၇၀၊ ၀၆၇-၃၄၀၈၂၇၅ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
မြန်မာ့ဆေးဝါးလုပ်ငန်း