THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ)ကြီးကြပ်မှုအောက်ရှိ မြေကွက်အမှတ်(၅၁၃ A) ပုဂ္ဂလိကသို...

အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ)ကြီးကြပ်မှုအောက်ရှိ မြေကွက်အမှတ်(၅၁၃ A) ပုဂ္ဂလိကသို့ ငှားရမ်းဆောင်ရွက်ရန်အတွက်  တင်ဒါခေါ်ယူခြင်း


Fri 18-08-2023 No.2 Heavy Industrial Enterprise

စက်မှုဝန်ကြီးဌာန
အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ)ကြီးကြပ်မှုအောက်ရှိ
မြေကွက်အမှတ်(၅၁၃ A)
ပုဂ္ဂလိကသို့ ငှားရမ်းဆောင်ရွက်ရန်အတွက် 
တင်ဒါခေါ်ယူခြင်း

၁။    ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ တောင်ဒဂုံစက်မှုဇုန် (၁)၊ (၂၃) ရပ်ကွက်၊ မိုးကုတ်လမ်း၊ အမှတ်(၄၇၆)တွင် တည်ရှိသည့် မြေကွက်အမှတ်(၅၁၃ A)(၁.၉၁၇) ဧကတွင် စက်မှုလုပ်ငန်းဆောင်ရွက်ခြင်းနှင့် သိုလှောင်ရုံအဖြစ် အသုံးပြုရန် ပုဂ္ဂလိ ကလုပ်ငန်းရှင်များသို့ နှစ်တို (၅)နှစ် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် တင်ဒါခေါ်ယူဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၂။    ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသော ပြည်တွင်း/ ပြည်ပ ကုမ္ပဏီများသည် ၎င်းတို့၏ အဆိုပြုလွှာကို စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ စီမံရေးဌာန၊ ရုံးအမှတ်(၄၁)၊ နေပြည်တော်သို့ လိပ်မူ၍ (၁၅.၉.၂၀၂၃) ရက်နေ့၊ ညနေ (၃း၀၀)နာရီ (မြန်မာစံတော်ချိန်) အရောက်ပေးပို့ တင်ပြရမည် ဖြစ်ပါသည်။
၃။    အဆိုပြုလွှာပုံစံနှင့် အခြားသက်ဆိုင်ရာ စာရွက်စာတမ်းများကို လုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားကြောင်းဖော်ပြသည့် တင်ပြစာ၊ ကုမ္ပဏီဆိုင်ရာ အထောက်အထားများနှင့် သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင် တင်ပြ၍ အထက်ပါလိပ်စာတွင် (၁၆.၈.၂၀၂၃) ရက်နေ့မှစ၍ လာရောက်ထုတ်ယူနိုင်ပါသည်။
         (သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် ဖုန်း-၀၆၇-၄၀၈၆၇၅ ၊ ၀၆၇-၄၀၈၆၇၆)


Top