စက်မှုဝန်ကြီးဌာန
မြန်မာ့ဆေးဝါးလုပ်ငန်းမှ
မြေနှင့်အဆောက်အဦ ငှားရမ်းဆောင်ရွက်ရန်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းမှ ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ ကမ်းနားလမ်း၊ အမှတ်(၂၀၅)ရှိ မြေနှင့် အဆောက်အဦအား ပုဂ္ဂလိကသို့ ငှားရမ်းရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၂။ တင်ဒါဆိုင်ရာအချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) တင်ဒါပုံစံများစတင်ရောင်းချမည့် - ၂၈.၈.၂၀၂၃ (တနင်္လာနေ့)
ရက်/နေရာ ရုံးအမှတ်(၃၇)၊ မြန်မာ့ဆေးဝါးလုပ်ငန်း
(ခ) တင်ဒါပိတ်မည့်ရက်/အချိန် - ၁၄.၉.၂၀၂၃ (ကြာသပတေးနေ့)
၁၆း၃၀ နာရီ
(ဂ) တင်ဒါဖွင့်မည့်ရက်/အချိန် - ကြေငြာပေးပါမည်။
(ဃ) တင်ဒါတင်သွင်းရမည့်နေရာ - ရုံးအမှတ်(၃၇)၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ နေပြည်တော်
၃။ အသေးစိတ်သိရှိလိုပါက ရုံးဖုန်း - ၀၆၇၃-၄၀၈၀၆၇ ၊ ၁၆၇၃-၄၀၈၁၈၇ သို့ ရုံးချိန်အတွင်း စုံစမ်းနိုင်ပါသည်။