စက်မှုဝန်ကြီးဌာန
အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၁)သံမဏိစက်ရုံ(မြင်းခြံ)အတွက် ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်တွင် အောက်ပါပစ္စည်းများအား စက်ရုံအရောက် မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသည်-
(က) သွယ်ဝိုက်ကုန်ကြမ်းပစ္စည်း (၂၈) မျိုး (1) Lot
(ခ) စက်ဆီ၊ ချောဆီ (၇) မျိုး (1) Lot
(ဂ) ဒီဇယ်ဆီ (၂၀၀၀၀) ဂါလန်
၂။ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်)အတွက် ၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်တွင် အောက်ပါစက်အရန်ပစ္စည်းများအား စက်ရုံအရောက် မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသည် -
(က) စက်အရန်ပစ္စည်း (၂၂) မျိုး (1) Lot
၃။ တင်ဒါပုံစံများကို (၁၁.၉.၂၀၂၃) ရက်နေ့မှစ၍ ရုံးချိန်အတွင်း ထုတ်လုပ်ရေးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း (ရုံးချုပ်)၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀)၊ နေပြည်တော်တွင် ဝယ်ယူနိုင်ပြီး အသေးစိတ်အချက်အလက်များ သိရှိလိုပါက ဖုန်း၊ ၀၆၇-၄၀၅၀၅၆ တွင် စုံစမ်းနိုင်ပါသည်။
၄။ တင်ဒါပိတ်ရက်နှင့်အချိန် - (၂၅.၉.၂၀၂၃) ရက်နေ့ (၁၆း၀၀) နာရီ
၅။ တင်ဒါတင်သွင်းရမည့်နေရာ - ထုတ်လုပ်ရေးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း
စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၀ ၊ နေပြည်တော်
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း