စက်မှုဝန်ကြီးဌာန
မြေနှင့်အဆောက်အဦငှားရမ်းဆောင်ရွက်ရန်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းမှ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အမှတ်(၈၁၃) ရှိ မြေ(၀.၀၉၈) ဧကနှင့် အဆောက်အဦအား ပုဂ္ဂလိကသို့ ငှားရမ်းရေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၂။ တင်ဒါဆိုင်ရာအချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) တင်ဒါပုံစံများစတင်ရောင်းချမည့် ရက်/ နေရာ - ၁၃.၁၁.၂၀၂၃ (တနင်္လာနေ့)၊ ရုံးအမှတ် (၃၇) မြန်မာ့ဆေးဝါးလုပ်ငန်း
(ခ) တင်ဒါပိတ်မည့်ရက်/ အချိန် - ၂၈.၁၁.၂၀၂၃ (အင်္ဂါနေ့) ၁၆း၃၀ နာရီ
(ဂ) တင်ဒါဖွင့်မည့်ရက်/ အချိန် - ကြေငြာပေးပါမည်။
(ဃ) တင်ဒါတင်သွင်းရမည့်နေရာ - ရုံးအမှတ် (၃၇)၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ ဦးဆောင်ညွှန်ကြားရေးမှူးရုံးခန်း၊ နေပြည်တော်။
၃။ အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များဖြင့် စုံစမ်းနိုင်ပါသည်-
(က) မြန်မာ့ဆေးဝါးလုပ်ငန်း၊ အုပ်ချုပ်ရေးဌာန
ဖုန်း- ၀၆၇၃-၄၀၈၀၆၇ ၊ ၀၆၇၃-၄၀၈၁၈၇