ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စက်မှုဝန်ကြီးဌာန
အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း
စိတ်ဝင်စားမှုအဆိုပြုလွှာ Expression of Interest(EoI) ဖိတ်ခေါ်ခြင်း
၁။ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းလက်အောက်ရှိ အမှတ်(၁၀)အထည်စက်ရုံ(တောင်သာ) နှင့် အမှတ်(၁၁)အထည်စက်ရုံ(ပခုက္ကူ) တို့အား အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ပါဝင်စားသော ပြည်တွင်း/ပြည်ပ ကုမ္ပဏီများသို့ Expression of Interest(EoI) အဆိုပြုလွှာပေးပို့ရန် ဖိတ်ခေါ်အပ်ပါသည်။
၂။ အဆိုပြုလွှာဆိုင်ရာ အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) အဆိုပြုလွှာပုံစံရောင်းချမည့်ရက် - (၁၈. ၁၂.၂၀၂၃)ရက်မှ ( ၁၆.၂.၂၀၂၄)
( ခ) အဆိုပြုလွှာပုံစံ နောက်ဆုံးတင်သွင်းမည့်ရက်နှင့်အချိန် - (၂၉.၂.၂၀၂၄)ရက်နေ့ (၁၆:၀၀)နာရီ
( ဂ) အဆိုပြုလွှာပုံစံရောင်းချမည့်နေရာ
နေပြည်တော် - စီမံရေးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ ရုံးအမှတ်(၃၇)၊ နေပြည်တော်။
(ဃ) တင်ဒါပေးသွင်းရမည့်နေရာ - အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊
ရုံးအမှတ်(၃၇)၊ နေပြည်တော်။
၃။ အသေးစိတ်သိရှိလိုပါက စီမံရေးဌာန၊ ဖုန်း-၀၆၇-၃၄၀၈၁၈၅၊ ၀၆၇-၃၄၀၈၁၅၆ နှင့် textile.planning@gmail.com တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။