THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း မီးခံဘိလပ်မြေပြားထုတ်လုပ်ရေးဌာန(မှော်ဘီ) အား  အ...

အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း မီးခံဘိလပ်မြေပြားထုတ်လုပ်ရေးဌာန(မှော်ဘီ) အား  အကျိုးတူပူးပေါင်းဆောင်ရွက်ရန်အတွက်  တင်ဒါခေါ်ယူခြင်း 


Tue 16-01-2024 No.2 Heavy Industrial Enterprise

စက်မှုဝန်ကြီးဌာန
အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း
မီးခံဘိလပ်မြေပြားထုတ်လုပ်ရေးဌာန(မှော်ဘီ) အား 
အကျိုးတူပူးပေါင်းဆောင်ရွက်ရန်အတွက် 
တင်ဒါခေါ်ယူခြင်း 

၁။    စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၊ မီးခံဘိလပ်မြေပြားထုတ်လုပ်ရေးဌာန (မှော်ဘီ) အား ပြည်တွင်း/ ပြည်ပမှ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် တင်ဒါခေါ်ယူသွားမည် ဖြစ်ပါသည်။
၂။    ရင်းနှီးမြှုပ်နှံဆောင်ရွက်လိုသော ပြည်တွင်း/ ပြည်ပ ကုမ္ပဏီများသည် ၎င်းတို့၏ တင်ဒါအဆိုပြုတင်ပြချက်ကို စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၊ နည်းပညာဖွံ့ဖြိုးရေးဌာန၊ ရုံးအမှတ် (၄၁)၊ နေပြည်တော်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ လိပ်မူလျက်  (၁၄.၂.၂၀၂၄) ရက်နေ့၊ (၁၅:၀၀) နာရီ (မြန်မာစံတော်ချိန်) အရောက်ပေးပို့ရမည်ဖြစ်ပါသည်။ 
၃။     တင်ဒါပုံစံနှင့် အခြားသက်ဆိုင်ရာ စာရွက်စာတမ်းများကို  အောက်ဖော်ပြပါ ကုမ္ပဏီဆိုင်ရာ အထောက်အထားများ တင်ပြ၍ အထက်ပါလိပ်စာတွင် (၁၅.၁.၂၀၂၄) ရက်နေ့မှစ၍ လာရောက်ထုတ်ယူနိုင်ပါသည်။ 
        (က)    လုပ်ငန်းဆောင်ရွက်ရန် စိတ်ပါဝင်စားကြောင်းကို တိကျသေချာစွာ ဖော်ပြထားသည့် အကြောင်းကြားစာ၊
        ( ခ )    သက်တမ်းရှိကုမ္ပဏီ မှတ်ပုံတင်လက်မှတ်၊
        ( ဂ )    နည်းပညာပူးပေါင်းဆောင်ရွက်မည့် နိုင်ငံခြားကုမ္ပဏီအချက်အလက်များ (ရှိလျှင်)
        (ဃ)    ရင်းနှီးမြှုပ်နှံလိုသူ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအတွေ့အကြုံ၊
        ( င )    ကုမ္ပဏီနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် Contact Person ၏ အမည်၊ ရာထူး၊ လိပ်စာ၊ ဖုန်းနံပါတ်နှင့် email လိပ်စာ၊
                   (အသေးစိတ်သိရှိလိုပါက ဖုန်း- ၀၆၇-၃၄၀၈၆၇၇ ၊ ၀၆၇-၃၄၀၈၆၈၀)

 


Top