စက်မှုဝန်ကြီးဌာန
အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
အမှတ်(၂၁)အကြီးစားစက်ရုံ(တာယာစက်ရုံ-သထုံ)
Public Private Partnership(PPP) ဆောင်ရွက်ရန်အတွက်
စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest -EoI) ခေါ်ယူခြင်း(သက်တမ်းတိုး)
၁။ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သထုံ-ဘားအံမော်တော်ကားလမ်း၊ ကြာပန်းကျေးရွာအနီး၊ ရန်ကုန်မြို့မှ (၁၅၆)မိုင်အကွာတွင် တည်ရှိသည့် စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂၁) အကြီးစားစက်ရုံ (တာယာစက်ရုံ-သထုံ) ကို Czech နည်းပညာဖြင့် တည်ထောင်၍ ၁၉၈၅ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ပြီး ကျွတ်တပ်ဆင်အသုံးပြုရသော Bias Tyre များ ထုတ်လုပ်ခဲ့ပါသည်။ အဆိုပါ တာယာစက်ရုံတွင် တာယာနှင့်ရော်ဘာပစ္စည်းထုတ်လုပ်မှုလုပ်ငန်းအပြင် အခြားစက်မှုထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်းများအား ပြည်တွင်း/ ပြည်ပ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့် နှစ်ရှည်ငှားရမ်း/အကျိုးတူ ဆောင်ရွက်နိုင်ရေးအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest - EOI) ခေါ်ယူသွားမည် ဖြစ်ပါသည်။
၂။ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသော ပြည်တွင်း/ ပြည်ပ ကုမ္ပဏီများသည် ၎င်းတို့၏ စိတ်ဝင်စားမှု အဆိုပြုလွှာကို စက်မှုဝန်ကြီးဌာန၊ အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း၊ စီမံရေးဌာန၊ ရုံးအမှတ်(၄၁)၊ နေပြည်တော်သို့ လိပ်မူ၍ (၈-၄-၂၀၂၄) ရက်နေ့၊ ညနေ (၃း၀၀) နာရီ (မြန်မာစံတော်ချိန်) အရောက် ပေးပို့တင်ပြရမည် ဖြစ်ပါသည်။
၃။ အဆိုပြုလွှာပုံစံနှင့် အခြားသက်ဆိုင်ရာ စာရွက်စာတမ်းများကို လုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားကြောင်းအကြောင်းကြားစာ၊ သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင်နှင့် ကုမ္ပဏီဆိုင်ရာ အထောက်အထားများတင်ပြ၍ အထက်ပါလိပ်စာတွင် (၁၁-၃-၂၀၂၄) ရက်နေ့မှစ၍ လာရောက်ထုတ်ယူနိုင်ပါသည်။
(သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် ဖုန်း - ၀၆၇-၄၀၈၆၇၅ ၊ ၀၆၇-၄၀၈၆၇၆)