THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း အမှတ်(၂၄)အကြီးစားစက်ရုံ (ဒဂုံ)၊ LED မီးသီးအလုပ်ရု...

အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း အမှတ်(၂၄)အကြီးစားစက်ရုံ (ဒဂုံ)၊ LED မီးသီးအလုပ်ရုံ Public Private Partnership (PPP) ဆောင်ရွက်ရန်အတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ(Expression of Interest-EoI) ခေါ်ယူခြင်း (သက်တမ်းတိုး)


Mon 11-03-2024 Ministerial Office

စက်မှုဝန်ကြီးဌာန
အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
အမှတ်(၂၄)အကြီးစားစက်ရုံ (ဒဂုံ)၊ LED မီးသီးအလုပ်ရုံ
Public Private Partnership (PPP) ဆောင်ရွက်ရန်အတွက်
စိတ်ဝင်စားမှုအဆိုပြုလွှာ(Expression of Interest-EoI) ခေါ်ယူခြင်း (သက်တမ်းတိုး)


၁။    ရန်ကုန်တိုင်းဒေသကြီး၊  လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက်၊ ပါရမီလမ်း၊ အမှတ် (၃၄)တွင် တည်ရှိသည့် စက်မှုဝန်ကြီးဌာန၊ အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း၊ အမှတ် (၂၄)အကြီးစားစက်ရုံ (ဒဂုံ)ရှိ LED မီးသီးအလုပ်ရုံတွင် LED မီးသီးထုတ်လုပ်မှုလုပ်ငန်းနှင့် လျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းများအား ပြည်တွင်း/ပြည်ပ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့် နှစ်ရှည် ငှားရမ်း/အကျိုးတူ ဆောင်ရွက်နိုင်ရေးအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest - EoI) ခေါ်ယူသွားမည်ဖြစ်ပါသည်။
၂။    ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသော ပြည်တွင်း/ပြည်ပကုမ္ပဏီများသည် ၎င်းတို့၏ စိတ်ဝင်စားမှုအဆိုပြုလွှာကို စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ စီမံရေးဌာန၊ ရုံးအမှတ် (၄၁)၊ နေပြည်တော်သို့လိပ်မူ၍ (၈.၄.၂၀၂၄)ရက်နေ့၊ ညနေ (၃:၀၀)နာရီ (မြန်မာစံတော်ချိန်)အရောက် ပေးပို့တင်ပြရမည်ဖြစ်ပါသည်။
၃။    အဆိုပြုလွှာပုံစံနှင့် အခြားသက်ဆိုင်ရာ စာရွက်စာတမ်းများကို လုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားကြောင်း အကြောင်းကြားစာ၊ သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင်နှင့် ကုမ္ပဏီဆိုင်ရာ အထောက်အထားများတင်ပြ၍ အထက်ပါလိပ်စာတွင် (၁၁.၃.၂၀၂၄) ရက်နေ့မှစ၍ လာရောက်ထုတ်ယူနိုင်ပါသည်။
    

(သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် ဖုန်း - ၀၆၇-၄၀၈၆၇၅၊ ၀၆၇-၄၀၈၆၇၆)


Top