အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ (အင်းစိန်)နှင့် ဆေးဝါးစက်ရုံ (အင်ရောင်း)တို့မှ ထုတ်လုပ်သော ဆေးဝါးများအား ကာကွယ်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် လူမှုဖူလုံရေးအဖွဲ့တို့သို့ Door to Door စနစ်ဖြင့် ပေးပို့ရန်အတွက် ကုန်တင်ယာဉ် (၁၂)ဘီးယာဉ်၊ (၆)ဘီးယာဉ်များ ငှားရမ်းရန် အိတ်ဖွင့်တင်ဒါများ ပေးသွင်းနိုင်ပါသည် -
(က) တင်ဒါပုံစံရောင်းချမည့်ရက် - (၂၅.၃.၂၀၂၄ ရက်နေ့မှ ၅.၄.၂၀၂၄) ရက်နေ့ထိ (နံနက် ၉:၃၀ မှ ညနေ ၁၆:၀၀)နာရီထိ
(ခ) တင်ဒါလျှောက်လွှာနောက်ဆုံးတင်ရမည့်ရက်/အချိန် - (၅.၄.၂၀၂၄)ရက်နေ့၊ မွန်းလွဲ (၁၆:၀၀)နာရီ
(ဂ) တင်ဒါဖွင့်မည့်ရက် - ကြိုတင်ကြေငြာပါမည်။
(ဃ) တင်ဒါတင်သွင်းရမည့်နေရာ - မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးရုံးခန်း
(င) ဆက်သွယ်ရမည့်ဖုန်းနံပါတ် - ၀၆၇-၃၄၀၈၁၄၉၊ ၀၆၇-၃၄၀၈၃၈၁
၂။ တင်ဒါလျှောက်လွှာများကို မြန်မာ့ဆေးဝါးလုပ်ငန်း (ရုံးချုပ်)၊ ရောင်းချဖြန့်ဖြူးရေးဌာနတွင် ရုံးချိန်အတွင်း စုံစမ်းဝယ်ယူနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
မြန်မာ့ဆေးဝါးလုပ်ငန်း