စက်မှုဝန်ကြီးဌာန
မြန်မာ့ဆေးဝါးလုပ်ငန်းမှ
မြေနှင့်အဆောက်အဦငှားရမ်းဆောင်ရွက်ရန်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းမှ အောက်ပါမြေနေရာများနှင့် အဆောက်အဦများအား ပုဂ္ဂလိကသို့ ငှားရမ်းရေး ဆောင်ရွက်သွားမည်ဖြစ်ပါသည် -
(က) ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ စက်မှုလက်မှုရပ်ကွက်၊ အမရာလမ်း၊ အမှတ် (၁၀၅/၁၁၁)ရှိ ပလတ်စတစ်စက်ရုံ (ရန်ကုန်)မှ မြေဧရိယာ (၀.၇၆) ဧကနှင့် အဆောက်အဦ (၄)လုံး
(ခ) ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၂)ရပ်ကွက်၊ ဘာတာဝင်း၊ စက်မှုဝန်ထမ်းအိမ်ရာအနီးရှိ မြေဧရိယာ (၀.၀၉၁) ဧကနှင့် အဆောက်အဦ (၁)လုံး
၂။ တင်ဒါဆိုင်ရာ အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(က) တင်ဒါပုံစံများ စတင်ရောင်းချမည့်ရက်/နေရာ - ၂၇.၅.၂၀၂၄ (တနင်္လာနေ့)၊ ရုံးအမှတ် (၃၇)၊ မြန်မာ့ဆေးဝါးလုပ်ငန်း
(ခ) တင်ဒါပိတ်မည့်ရက်/အချိန် - ၁၀.၆.၂၀၂၄ (တနင်္လာနေ့) ၁၆:၀၀ နာရီ
(ဂ) တင်ဒါဖွင့်မည့်ရက်/အချိန် - ကြေငြာပေးပါမည်။
(ဃ) တင်ဒါတင်သွင်းရမည့်နေရာ - ရုံးအမှတ်(၃၇)၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ၊ ဦးဆောင်ညွှန်ကြားရေးမှူးရုံးခန်း၊ နေပြည်တော်
၃။ အသေးစိတ်သိရှိလိုပါက ဖုန်း-၀၆၇၃-၄၀၈၀၆၇၊ ၀၆၇၃-၄၀၈၁၈၇ များဖြင့် စုံစမ်းနိုင်ပါသည်။