စက်မှုဝန်ကြီးဌာန
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်အတွက် အောက်ဖော်ပြပါပစ္စည်းအား မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါများ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည် -
ပစ္စည်းအမည် အရေအတွက်
Earth Clamp on ground resistance Tester 3 Nos
၂။ (က) တင်ဒါပုံစံ စတင်ရောင်းချမည့်ရက်၊ အချိန် - (၁၀.၆.၂၀၂၄) ရက်၊ နံနက် (၀၉:၃၀)မှ (၁၆:၃၀)နာရီထိ
(ခ) တင်ဒါပိတ်မည့်ရက်၊ အချိန် - (၁၈.၆.၂၀၂၄) ရက်၊ (၁၆:၀၀)နာရီ
(ဂ) တင်ဒါတင်သွင်းရမည့်နေရာ - ရုံးအမှတ် (၃၇)၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ နေပြည်တော်
၃။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ရုံးအမှတ် (၃၇)၊ နေပြည်တော်၌ ဝယ်ယူနိုင်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်းနံပါတ် ၀၆၇-၄၀၈၃၉၁၊ ၀၆၇-၄၀၈၄၄၆၊ ၀၆၇-၄၀၈၄၀၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန