စက်မှုဝန်ကြီးဌာန
မြန်မာ့ဆေးဝါးလုပ်ငန်း
စိတ်ဝင်စားမှုတင်ပြခြင်း လျှောက်လွှာခေါ်ယူခြင်း
(Expression of Interest Invitation)
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ အောင်ပန်းမြို့မှ(၇)မိုင်၊ ဟဲဟိုးမြို့မှ(၅)မိုင် အကွာ တောင်ကြီး-မိတ္ထီလာကားလမ်းဘေး မိုင်တိုင်(၈၈/၁)ရှိ ရုံးဝင်းကွက်၊ စိုက်ကွက်အမှတ်(၂)မြေနေရာများ တွင် ပုဂ္ဂလိကနှင့် အကျိုးတူပူးပေါင်း၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လိုပါသဖြင့် စိတ်ပါ ဝင်စားသော ပုဂ္ဂလိကလုပ်ငန်းရှင်များကို ထပ်မံဖိတ်ခေါ်အပ်ပါသည်-
၁။ | ရုံးဝင်းကွက် | - | ၈၈.၁၆ ဧက(အဆောက်အဦများအပါ) |
၂။ | စိုက်ကွက်အမှတ်(၂) | - | ၁၂၂.၅၇ ဧက |
လျှောက်လွှာစတင်ရောင်းချမည့်ရက်နှင့်အချိန် | - | ၁၇-၈-၂၀၁၈ (၀၉:၃၀)နာရီ | |
လျှောက်လွှာပိတ်မည့်ရက်နှင့်အချိန် | - | ၃၁-၈-၂၀၁၈ (၁၆:၀၀)နာရီ | |
လျှောက်လွှာပေးသွင်းရမည့်နေရာ | - | ဥက္ကဌ၊ တင်ဒါလက်ခံရေးနှင့်စိစစ်ရေး | |
ကော်မတီ၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ | |||
စက်မှုဝန်ကြီးဌာန၊ | |||
ရုံးအမှတ်(၃၇)၊ နေပြည်တော်။ |
အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါလိပ်စာတွင် ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
စီမံရေးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း
စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)
ဖုန်း - ၀၆၇-၃၄၀၈၃၇၀
ဖက်စ်- ၀၆၇ - ၃၄၀၈၁၉၅