THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News မြန်မာ့ဆေးဝါးလုပ်ငန်း မြေနေရာငှားရမ်းဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါ ( သက်တမ်းတိုး)...

မြန်မာ့ဆေးဝါးလုပ်ငန်း မြေနေရာငှားရမ်းဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါ ( သက်တမ်းတိုး) ခေါ်ယူခြင်း


Tue 08-10-2024 Myanma Pharmaceutical Industrial Enterprise

စက်မှုဝန်ကြီးဌာန
မြန်မာ့ဆေးဝါးလုပ်ငန်း
မြေနေရာငှားရမ်းဆောင်ရွက်ရန်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။    စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းမှ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဇ-မြောက်ရပ်ကွက်၊ လေးထောင့်ကန်လမ်း၊ အမှတ်(၁၅)မှ ဦးစစ်ကိုင်းဝန်ထမ်းအိမ်ရာဝင်းရှိ မြေဧရိယာ(၀.၁၆)ဧကအား ပုဂ္ဂလိကသို့ ငှားရမ်းနိုင်ရေးအတွက် ၂၀၂၄ ခုနှစ် ဩဂုတ်လ (၂၉ ၊ ၃၀) ရက်နေ့များတွင် အောက်ပါအတိုင်း Open Tender ခေါ်ယူခဲ့ပါသည်-
    (က)    တင်ဒါပုံစံများစတင်ရောင်းချမည့်ရက်/နေရာ    -    ၂-၉-၂၀၂၄ (တနင်္လာနေ့)၊ ရုံးအမှတ်(၃၇)၊ မြန်မာ့ဆေးဝါးလုပ်ငန်း
    (ခ)    တင်ဒါပိတ်မည့်ရက်/အချိန်                              -    ၁၆-၉-၂၀၂၄ (တနင်္လာနေ့) ၁၆း၀၀ နာရီ
    (ဂ)    တင်ဒါဖွင့်မည့်ရက်/အချိန်                               -    ကြေငြာပေးပါမည်။
    (ဃ)    တင်ဒါတင်သွင်းရမည့်နေရာ                          -    ရုံးအမှတ်(၃၇)၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
၂။    အထက်ပါအတိုင်း တင်ဒါခေါ်ယူခဲ့ရာ တင်ဒါပိတ်မည့်ရက် ၁၆-၉-၂၀၂၄ ရက်နေ့အစား ၂၂-၁၀-၂၀၂၄ ရက်နေ့ ညနေ (၁၆း၀၀)နာရီ အထိ ရက်တိုးမြှင့်သတ်မှတ်လိုက်သည်။ အသေးစိတ်သိရှိလိုပါက မြန်မာ့ဆေးဝါးလုပ်ငန်း၊ အုပ်ချုပ်ရေးဌာန ဖုန်းနံပါတ်၊ ၀၆၇၃-၄၀၈၀၆၇၊ ၀၆၇၃-၄၀၈၁၈၇ သို့  ရုံးချိန်အတွင်း စုံစမ်းနိုင်ပါသည်။


Top