စက်မှုဝန်ကြီးဌာန
အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း
ရက်ကန်းစက်များနှင့်ဆက်စပ်ပစ္စည်းများရောင်းချရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
အိတ်ဖွင့်တင်ဒါအမှတ် (၁/၂၀၂၄-၂၀၂၅)
၁။ စက်မှုဝန်ကြီးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းရှိ အထည်စက်ရုံခွဲ (မြင်းခြံ)၏ ရက်ကန်းစင် (၁၆၀)စင်နှင့် ဆက်စပ် စက်ပစ္စည်းများ (၁၄)မျိုး၊ စက်အရန်ပစ္စည်း (၃၃)မျိုးတို့အား ရောင်းချလိုပါသဖြင့် စိတ်ပါဝင်စားသူ MSMEs လုပ်ငန်းရှင်များမှ အိတ်ဖွင့်တင်ဒါပေးသွင်းရန် ဖိတ်ခေါ်ပါသည်။
၂။ တင်ဒါဆိုင်ရာအချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
(က) တင်ဒါရောင်းချမည့်ရက် - ၂၈.၁၀.၂၀၂၄
(ခ) တင်ဒါပိတ်သိမ်းမည့်ရက်နှင့်အချိန် - ၁၄.၁၁.၂၀၂၄ ရက်၊ ၁၆:၀၀ နာရီ
(ဂ) တင်ဒါတင်သွင်းရမည့်နေရာ - တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၇)၊ နေပြည်တော်။
၂။ တင်ဒါပုံစံများကို ၂၈.၁၀.၂၀၂၄ ရက်နေ့မှစ၍ ရုံးချိန်အတွင်း စီမံရေးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၇)၊ နေပြည်တော်တွင် လာရောက်ဝယ်ယူနိုင်ပါသည်။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း(ရုံးချုပ်)၊ ဖုန်း ၀၆၇-၄၀၈၁၈၅၊ ၀၆၇-၄၀၈၁၅၆ နှင့် အထည်စက်ရုံခွဲ (မြင်းခြံ)၊ ဖုန်း ၀၉-၂၅၄၃၆၅၇၅၆၊ ၀၉-၄၀၂၅၄၁၆၀၈ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ
အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း