စက်မှုဝန်ကြီးဌာန
အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့်ဆောင်ရွက်ခဲ့သည့်
အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်)ရှိ တည်ဆောက်ရေးလုပ်ငန်းများတွင်
QA/QC လုပ်ငန်းများ ဆောင်ရွက်ရန်အတွက်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
တင်ဒါအမှတ်စဉ် HIE-1/Pang Pet (QA/QC)/2024-2025/025
၁။ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂)သံမဏိစက်ရုံ (ပင်းပက်) စီမံကိန်း၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်ခဲ့သည့် တည်ဆောက်ရေးလုပ်ငန်းများ၏ စက်မှုဆိုင်ရာအဆောက်အဦများတွင် QA/QC လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် အောက်ဖော်ပြပါအတိုင်း အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည် -
(က) တင်ဒါပုံစံစတင်ရောင်းချမည့်ရက်နှင့်အချိန် - ၂၆.၁၁.၂၀၂၄ ရက်နေ့၊ ရုံးချိန်အတွင်း
( ခ) တင်ဒါပိတ်ရက်နှင့်အချိန် - ၉.၁၂.၂၀၂၄ ရက်နေ့၊ (၁၆:၀၀)နာရီ
( ဂ) တင်ဒါတင်သွင်းရမည့်နေရာ - စီမံရေးဌာန၊ အမှတ် (၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊ နေပြည်တော်။
၃။ အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များ သိရှိလိုပါက ရုံးဖွင့်ရက်၊ ရုံးချိန်အတွင်း စီမံရေးဌာန၊ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊ နေပြည်တော်၊ ဖုန်း-၀၆၇-၄၀၅၁၅၈ ၊ ၀၆၇-၄၀၅၁၅၉ တွင် စုံစမ်းနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ
အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်း