စက်မှုဝန်ကြီးဌာန
မြန်မာ့ဆေးဝါးလုပ်ငန်းမှ
မြေနှင့်အဆောက်အဦငှားရမ်းဆောင်ရွက်ရန်
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်းမှ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဇ-မြောက်ရပ်ကွက်၊ လေးထောင့်ကန်လမ်း၊ အမှတ်(၁၅)မှ ဦးစစ်ကိုင်းဝန်ထမ်းအိမ်ရာဝင်းရှိ မြေဧရိယာ(၀.၁၆)ဧကနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အမှတ်(၈၁၃)ရှိ မြေဧရိယာ(၀.၂၃၈)ဧကနှင့် အဆောက်အဦတို့အား ပုဂ္ဂလိကသို့ ငှားရမ်းရေး ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၂။ တင်ဒါဆိုင်ရာ အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) တင်ဒါပုံစံများ စတင်ရောင်းချမည့်ရက်/နေရာ - ၂-၁၂-၂၀၂၄ (တနင်္လာနေ့)၊ ရုံးအမှတ်(၃၇)၊ မြန်မာ့ဆေးဝါးလုပ်ငန်း
(ခ) တင်ဒါပိတ်မည့်ရက်/အချိန် - ၁၆-၁၂-၂၀၂၄ (တနင်္လာနေ့) ၁၆း၀၀ နာရီ
(ဂ) တင်ဒါဖွင့်မည့်ရက်/အချိန် - ကြေငြာပေးပါမည်။
(ဃ) တင်ဒါ်တင်သွင်းရမည့်နေရာ - ရုံးအမှတ်(၃၇)၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ ဦးဆောင်ညွှန်ကြားရေးမှူးရုံးခန်း၊ နေပြည်တော်
၃။ အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များဖြင့် စုံစမ်းနိုင်ပါသည်-
မြန်မာ့ဆေးဝါးလုပ်ငန်း၊ အုပ်ချုပ်ရေးဌာန
ဖုန်း-၀၆၇၃-၄၀၈၀၆၇၊ ၀၆၇၃-၄၀၈၁၈၇