THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News အမှတ်(၂၁)အကြီးစားစက်ရုံ(သထုံ)၊ စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ (Expression o...

အမှတ်(၂၁)အကြီးစားစက်ရုံ(သထုံ)၊ စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ (Expression of Interest) ခေါ်ယူခြင်း


Fri 27-04-2018 No.2 Heavy Industrial Enterprise

စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း

အမှတ်(၂၁)အကြီးစားစက်ရုံ(သထုံ)တွင်

အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်

စိတ်ဝင်စားသူများအားဖိတ်ခေါ်ခြင်း

(Expression of Interest)

၁။      စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၂၁)အကြီးစားစက်ရုံ(သထုံ)ကို စိတ်ပါဝင်စားသူ ပြည်တွင်း/ပြည်ပ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သွားရန် စီစဉ်လျက်ရှိပါသည်။

၂။   စိတ်ပါဝင်စားသည့်ကုမ္ပဏီများသည် စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ (Expression of Interest) ကို စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ စီမံရေးဌာန၊ ရုံးအမှတ်(၄၁)၊ နေပြည်တော်သို့ လိပ်မူလျက် "၂၀၁၈ခုနှစ်၊ မေလ ၃၁ ရက်နေ့၊ ညနေ ၃ နာရီ" (မြန်မာစံတော်ချိန်) အရောက် ပို့ပေးရမည်ဖြစ်ပါသည်။ စိတ်ဝင်စားမှုဖော်ပြခြင်းလျှောက်လွှာ (EoI) ပုံစံနှင့် အခြားသက်ဆိုင်ရာစာရွက်စာတမ်းများကို ကုမ္ပဏီဆိုင်ရာ အထောက်အထားများပြသ၍ အထက်ပါလိပ်စာတွင် ၃၀-၄.၂၀၁၈ ရက်မှစ၍ လာရောက်ထုတ်ယူနိုင်ပါသည်။ တင်ပြရမည့် ကုမ္ပဏီဆိုင်ရာ အထောက်အထားများ-

         (က) သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်

         ( ခ) ကုမ္ပဏီသင်းဖွဲ့မှတ်တမ်း/စည်းမျဉ်း

         ( ဂ) နည်းပညာပူးပေါင်းဆောင်ရွက်မည့် နိုင်ငံခြားကုမ္ပဏီ

         (ဃ) ကုမ္ပဏီနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် Contact Person ၏ အမည်၊ ရာထူး၊ လိပ်စာ၊ Phone ၊ email

အသေးစိတ်သိရှိလိုပါက ဆက်သွယ်ရန်-

ဖုန်း ၀၆၇-၃၄၀၈၃၇၂၊ ၀၆၇-၃၄၀၈၂၉၈


Top