THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News အမှတ်(၁) အထည်စက်ရုံ(ရွှေတောင်)ပိုင် မြေ(၂၅၀)ဧက၌ Agro-based Textile Industrial C...

အမှတ်(၁) အထည်စက်ရုံ(ရွှေတောင်)ပိုင် မြေ(၂၅၀)ဧက၌ Agro-based Textile Industrial Complex တည်ဆောက်ရေး ရင်းနှီးတည်ဆောက်သူ(Developer) တင်ဒါခေါ်ယူခြင်း


Tue 24-06-2025 No.3 Heavy Industrial Enterprise

စက်မှုဝန်ကြီးဌာန
အမှတ်(၃) အကြီးစားစက်မှုလုပ်ငန်း
အမှတ်(၁) အထည်စက်ရုံ(ရွှေတောင်)ပိုင် မြေ(၂၅၀)ဧက၌ 
Agro-based Textile Industrial Complex တည်ဆောက်ရေး ရင်းနှီးတည်ဆောက်သူ(Developer) တင်ဒါခေါ်ယူခြင်း

၁။    ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ရွှေတောင်မြို့ရှိ အမှတ်(၁)အထည်စက်ရုံ (ရွှေတောင်)၏ မြေ (၂၅၀) ဧက၌ Agro-based Textile Industrial Complex စီမံကိန်း တည်ဆောက်ရန်အတွက် မိမိအစီအစဉ်ဖြင့် ရင်းနှီးမြှုပ်နှံ တည်ဆောက်လိုသူ (Developer) အဖြစ် အဆိုပြုလွှာ တင်သွင်းရန် တင်ဒါခေါ်ယူသွားမည် ဖြစ်ပါသည်။

၂။    တင်ဒါအဆိုပြုလွှာ တင်သွင်းမည့် မိမိအစီအစဉ် ရင်းနှီးမြှုပ်နှံမှုဖြင့် စီမံကိန်းတည်ဆောက် အကောင်အထည်ဖော်လိုသူ (Developer)သည် အမှတ်(၁) အထည်စက်ရုံ(ရွှေတောင်)၏ မြေ(၂၅၀)ဧကပေါ်တွင် စီမံကိန်း အဆင့်(၃)ဆင့်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် ဖြစ်ပါသည်-
    Phase ( I )       အထည်အလိပ်ဆိုင်ရာသင်တန်းကျောင်းများ၊ စက်မှုဇုန်အစည်းအဝေးခန်းမ၊ ထုတ်ကုန်ပစ္စည်းပြခန်း၊ ဓါတ်ခွဲခန်းများ
    Phase ( II )      အဖြူချွတ်၊ ဆေးဆိုး၊ ပန်းရိုက် စက်ရုံများ
    Phase ( III )     ချည်မျှင်စက်ရုံများ၊ ရက်ကန်းစက်ရုံများ၊ သိုလှောင်ရုံများ၊ ထောက်ပံ့ ပို့ဆောင်ရေးဌာန၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံး၊ Fire Fighting System၊ စက်မှုဇုန်                              ဆေးပေးခန်း၊ Industrial Solid Waste Management Receration Centen သင်တန်းသား/ဝန်ထမ်းအဆောင်များ

၃။    တင်ဒါအဆိုပြုလွှာပုံစံနှင့် အခြားသက်ဆိုင်ရာစာရွက်စာတမ်းများကို လုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားကြောင်း ဖော်ပြသည့် တင်ပြစာ၊ ကုမ္ပဏီဆိုင်ရာ အထောက်အထားများနှင့် သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင် တင်ပြ၍ အောက်ပါလိပ်စာတွင် (၂၅-၆-၂၀၂၅)ရက်နေ့မှစတင်၍ လာရောက်ဝယ်ယူ တင်သွင်းနိုင်ပါသည်။
    တင်ဒါအဆိုပြုလွှာပုံစံ ရယူရန်နှင့် တင်သွင်းရန်လိပ်စာ    -    စက်မှုဝန်ကြီးဌာန၊ အမှတ်(၃)အကြီးစက်မှုလုပ်ငန်း၊ စီမံရေးဌာန၊
                                                                                      ရုံးအမှတ်(၃၇)၊ ဖုန်း- ၀၆၇- ၄၀၈၀၇၀၊ ၀၆၇- ၄၀၈၁၈၅
    တင်ဒါပုံစံ နောက်ဆုံးတင်သွင်းရမည့်နေ့ရက်                 -    (၂၅-၇-၂၀၂၅)ရက်နေ့၊ (၁၅း၀၀)နာရီ(မြန်မာစံတော်ချိန်)
 


Top