THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News ပြိုကျ/ပျက်စီး အဆောက်အဦများ ဆယ်တင်ထုခွဲ ရောင်းချရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ပြိုကျ/ပျက်စီး အဆောက်အဦများ ဆယ်တင်ထုခွဲ ရောင်းချရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း


Mon 18-08-2025 No.3 Heavy Industrial Enterprise

စက်မှု၀န်ကြီးဌာန
အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း
ပြိုကျ/ပျက်စီး အဆောက်အဦများ ဆယ်တင်ထုခွဲ ရောင်းချရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
အိတ်ဖွင့်တင်ဒါအမှတ်(၁/၂၀၂၅-၂၀၂၆)  
 


၁။    စက်မှုဝန်ကြီးဌာန၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်းရှိ အမှတ်(၇)အထည်စက်ရုံခွဲ(ဝမ်းတွင်း)တွင် ၂၈-၃-၂၀၂၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော အဆောက်အဦများအား‌ ဆယ်တင်ထုခွဲ ရောင်းချလိုပါသဖြင့် စိတ်ပါဝင်စားသူ လုပ်ငန်းရှင်များမှ အိတ်ဖွင့်တင်ဒါ ပေးသွင်းရန် ဖိတ်ခေါ်ပါသည်။
        
၂။    တင်ဒါဆိုင်ရာအချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
    (က)    တင်ဒါပုံစံရောင်းချမည့်ရက်           -      ၁၈-၈-၂၀၂၅    
    (ခ)    တင်ဒါပိတ်သိမ်းမည့်ရက်နှင့်အချိန်    -      ၁-၉-၂၀၂၅ ရက်၊ ၁၆:၀၀ နာရီ
    (ဂ)    တင်ဒါတင်သွင်းရမည့်နေရာ            -    တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ရုံးအမှတ်(၃၇)၊ နေပြည်တော်။

၃။    တင်ဒါပုံစံများကို ၁၈-၈-၂၀၂၅ ရက်နေ့မှစ၍ ရုံးချိန်အတွင်း စီမံရေးဌာန၊ အမှတ်(၃)အကြီးစား စက်မှုလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)၊ နေပြည်တော်တွင် လာရောက်ဝယ်ယူနိုင်ပါသည်။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက အမှတ်(၃)အကြီးစားစက်မှုလုပ်ငန်း (ရုံးချုပ်)၊ ဖုန်း ၀၆၇-၄၀၈၁၈၅၊ ၀၆၇-၄၀၈၁၅၆ နှင့် အမှတ်(၇)အထည်စက်ရုံခွဲ(ဝမ်းတွင်း) ဖုန်း ၀၉- ၄၃၀၂၆၀၃၅၊ ၀၉-၄၀၂၇၃၁၆၆၉ တို့သို့  ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
 


Top