စက်မှုဝန်ကြီးဌာန
အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ)ပိုင်
LED မီးသီးအလုပ်ရုံရှိ မြေဧရိယာ ၁.၃၁၆ ဧက နှင့် အဆောက်အဦ (၁ဝ) လုံးအား
ပုဂ္ဂလိကသို့ နှစ်တို ငှားရမ်းဆောင်ရွက်ရန်အတွက် တင်ဒါခေါ်ယူခြင်း
၁။ ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်မြို့နယ် ၊ (၁၂) ရပ်ကွက် ၊ ပါရမီလမ်း ၊ အမှတ် (၃၄) တွင် တည်ရှိသော အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း ၊ အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ) ကြီးကြပ်မှုအောက်ရှိ LED မီးသီး အလုပ်ရုံရှိ မြေဧရိယာ ၁.၃၁၆ ဧကနှင့် အဆောက်အဦ (၁၀) လုံးအား LED မီးသီး ၊ လျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်းဆောင်ရွက်ရန်နှင့် ယင်းလုပ်ငန်းနှင့် ဆက်စပ်သော ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရန် နှစ်တို (၅)နှစ် ငှားရမ်းနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။
၂။ ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသော ပြည်တွင်း / ပြည်ပ ကုမ္ပဏီများသည် မိမိတို့၏ တင်ဒါတင်သွင်းလွှာကို စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ စီမံရေးဌာန၊ ရုံးအမှတ် (၄၁)၊ နေပြည်တော်သို့ လိပ်မူ၍ (၃-၁၁-၂ဝ၂၅) ရက်နေ့၊ ညနေ (၃:၀၀) နာရီ (မြန်မာစံတော်ချိန်) အရောက် ပေးပို့တင်ပြရမည် ဖြစ်ပါသည်။
၃။ အဆိုပြုလွှာပုံစံနှင့် အခြား သက်ဆိုင်ရာစာရွက်စာတမ်းများကို လုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားကြောင်း ဖော်ပြသည့် တင်ပြစာ ၊ ကုမ္ပဏီဆိုင်ရာအထောက်အထားများနှင့် သက်တမ်းရှိကုမ္ပဏီမှတ်ပုံတင် တင်ပြ၍ အထက်ပါလိပ်စာတွင် (၂၁-၁၀-၂၀၂၅) ရက်နေ့ မှစ၍ လာရောက်ဝယ်ယူနိုင်ပါသည်။
(သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် ဖုန်း-၀၆၇-၄၀၈၆၇၅ ၊ ၀၆၇-၄၀၈၆၇၆ )