စက်မှုဝန်ကြီးဌာန
မြန်မာ့ဆေးဝါးလုပ်ငန်း
ဆေးဝါးစက်ရုံ(အင်းစိန်၊အင်ရောင်း)တို့အတွက်
ဆေးဝါးကုန်ကြမ်း(၅)မျိုး၊တိရစ္ဆာန်အစာ(၁)မျိုး၊
ထုပ်ပိုးနှင့်ဆေးဝါးထုတ်လုပ်မှုအထောက်အကူပြုပစ္စည်း(၃၅)မျိုး အဝယ်တင်ဒါ
၁။ ဆေးဝါးစက်ရုံ(အင်းစိန်၊အင်ရောင်း)တို့အတွက် ဆေးဝါးကုန်ကြမ်း(၅)မျိုး၊ တိရစ္ဆာန်အစာ(၁)မျိုးနှင့် ထုပ်ပိုးနှင့်ဆေးဝါးထုတ်လုပ်မှုအထောက်အကူပြုပစ္စည်း(၃၅)မျိုးအား တင်ဒါခေါ်ဝယ်ယူသွားမည် ဖြစ်ပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ကြေညာအပ်ပါသည်။
၂။ နိုင်ငံအတွင်း တရားဝင်မှတ်ပုံတင်ထားသည့် ကုမ္ပဏီဖြစ်ရမည်။
နိုင်ငံတော်မှသတ်မှတ်ထားသည့်အခွန်များပေးဆောင်ပြီးသည့် ကုမ္ပဏီဖြစ်ရမည်။
၃။ ဈေးနှုန်းတင်သွင်းလွှာပုံစံများ စတင်ရောင်းချမည့်ရက် - ၅- ၃ - ၂၀၂၆
၄။ တင်ဒါပိတ်မည့်ရက်နှင့်အချိန် - ၁၈ - ၃ - ၂၀၂၆၊ (၁၆ : ၀၀)နာရီ
၅။ ပစ္စည်းပေးသွင်းရမည့်စက်ရုံ - ဆေးဝါးစက်ရုံ(အင်းစိန်၊အင်ရောင်း)
၆။ တင်ဒါပေးသွင်းရမည့်နေရာ - ဥက္ကဌ၊ တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ်(၃၇)၊ နေပြည်တော်။
၇။ တင်ဒါပုံစံ၊ တင်ဒါခေါ်ယူမည့်ပစ္စည်းများ၏စံချိန်စံညွှန်း၊ အရည်အသွေးသတ်မှတ်ချက်များနှင့် တင်ဒါစည်းကမ်းအသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါဌာနတွင် စုံစမ်းမေးမြန်းနိုင်ပါသည်-
တယ်လီဖုန်းအမှတ်
မြန်မာ့ဆေးဝါးလုပ်ငန်း(ရုံးချုပ်) ၀၆၇၃-၄၀၈၃၈၈
စက်မှုဝန်ကြီးဌာန၊ ၀၆၇၃-၄ဝ၈၃၅၄
ရုံးအမှတ်(၃၇)၊ နေပြည်တော်။