THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY

  • Home Announcements News စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အခြေစိုက်အလုပ်ရုံ(တညင်းကုန်း)၊...

စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အခြေစိုက်အလုပ်ရုံ(တညင်းကုန်း)၊  အရာရှိရိပ်သာမြေနေရာရှိ သိုလှောင်ရုံ (၂) လုံးအား နှစ်တိုတင်ဒါခေါ်ယူခြင်း


Wed 18-03-2026 No.2 Heavy Industrial Enterprise

စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အခြေစိုက်အလုပ်ရုံ(တညင်းကုန်း)၊ 
အရာရှိရိပ်သာမြေနေရာရှိ သိုလှောင်ရုံ (၂) လုံးအား နှစ်တိုတင်ဒါခေါ်ယူခြင်း

၁။    စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်းပိုင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်၊ ခရေပင်လမ်း၊ အခြေစိုက်အလုပ်ရုံ (တညင်းကုန်း)၊ အရာရှိ ရိပ်သာမြေနေရာရှိ အောက်ပါသိုလှောင်ရုံ(၂)လုံးအား ကာလတို (၅) နှစ် ငှားရမ်းရန်အတွက် တင်ဒါခေါ်ယူသွားမည်ဖြစ်ပါသည်-
        Warehouse -  105' x 40' x 15'  (Steel Structure ၊ သွပ်မိုး၊ သွပ်ကာ ) - (၂) လုံး
၂။    ငှားရမ်းဆောင်ရွက်လိုသော ကုမ္ပဏီများသည် ၎င်းတို့၏ တင်ဒါအဆိုပြုလွှာကို စက်မှုဝန်ကြီးဌာန၊အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊နည်းပညာဖွံ့ဖြိုးရေးဌာန၊ရုံးအမှတ်(၄၁)၊ နေပြည်တော်သို့ လိပ်မူ၍ (၃၁ - ၃ -၂၀၂၆) ရက်နေ့၊ ညနေ (၃:၀၀) နာရီ (မြန်မာစံတော်ချိန်) အရောက် ပေးပို့ တင်ပြရမည်ဖြစ်ပါသည်။ 
၃။    တင်ဒါအဆိုပြုလွှာပုံစံနှင့် အခြားသက်ဆိုင်ရာစာရွက်စာတမ်းများကို ကုမ္ပဏီဆိုင်ရာ အထောက်အထားများနှင့် သက်တမ်းရှိသော ကုမ္ပဏီမှတ်ပုံတင်ကို တင်ပြ၍  အထက်ပါလိပ်စာတွင် ( ၁၇- ၃ -၂၀၂၆) ရက်နေ့မှစ၍ လာရောက်ဝယ်ယူနိုင်ပါသည်။ (အသေးစိတ်သိရှိလိုပါက ဖုန်း- ၀၆၇-၃၄၀၈၆၇၇ ၊ ၀၆၇-၃၄၀၈၆၈၀)

                    
 


Top