စက်မှုဝန်ကြီးဌာန
အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း
အမှတ်(၂၄)အကြီးစားစက်ရုံ(ဒဂုံ)ရှိ မြေလွတ်များအား
ပုဂ္ဂလိကသို့ နှစ်တို ငှားရမ်းဆောင်ရွက်ရန်အတွက်
တင်ဒါခေါ်ယူခြင်း
၁။ ရန်ကုန်တိုင်းဒေသကြီး ၊ တောင်ဒဂုံမြို့နယ် ၊ စက်မှုဇုန် (၁) ၊ (၂၃) ရပ်ကွက်၊ မိုးကုတ်လမ်း၊ မြေကွက်အမှတ် (၅၁၃A) ရှိ အောက်ဖော်ပြပါ မြေလွတ်များအား စက်မှုထုတ်ကုန်၊ စားသောက်ကုန်နှင့် သိုလှောင်ရုံလုပ်ငန်းများ ဆောင်ရွက်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ နှစ်တို (၅)နှစ် ငှားရမ်းနိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်ပါသည်-
တင်ဒါအမှတ်စဉ်(၁) - မြေကွက်အမှတ် (၅၁၃A) ၊ မြေလွတ်ဧရိယာ (၀.၆၉)ဧက
တင်ဒါအမှတ်စဉ်(၂) - မြေကွက်အမှတ် (၅၁၃A) ၊ မြေလွတ်ဧရိယာ (၀.၇၀)ဧက
၂။ အပိုဒ် (၁) ပါ တင်ဒါ (၂) ခု အနက် အဆိုပြုလွှာဝယ်ယူလိုသည့် တင်ဒါအမှတ်စဉ်အား တင်ဒါအဆိုပြုလွှာပုံစံ ရွေးချယ်ဝယ်ယူ၍ တင်ဒါတင်သွင်းနိုင်ပါသည်။
၃။ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်လိုသော ပြည်တွင်း / ပြည်ပ ကုမ္ပဏီများသည် မိမိတို့၏ တင်ဒါ တင်သွင်းလွှာကို စက်မှုဝန်ကြီးဌာန၊ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၊ စီမံရေးဌာန၊ ရုံးအမှတ် (၄၁)၊ နေပြည်တော်သို့ လိပ်မူ၍ (၃၁-၃-၂၀၂၆) ရက်နေ့၊ ညနေ (၃:၀၀) နာရီ (မြန်မာစံတော်ချိန်) အရောက် ပေးပို့တင်ပြရမည် ဖြစ်ပါသည်။
၄။ အဆိုပြုလွှာပုံစံနှင့် အခြားသက်ဆိုင်ရာ စာရွက်စာတမ်းများကို လုပ်ငန်းဆောင်ရွက်ရန် စိတ်ဝင်စားကြောင်းဖော်ပြသည့် တင်ပြစာ၊ ကုမ္ပဏီဆိုင်ရာ အထောက်အထားများနှင့် သက်တမ်းရှိကုမ္ပဏီမှတ်ပုံတင် တင်ပြ၍ အထက်ပါလိပ်စာတွင် (၁၈-၃-၂၀၂၆) ရက်နေ့မှစ၍ လာရောက်ဝယ်ယူနိုင်ပါသည်။ (သိရှိလိုသည်များကို ဆက်သွယ်မေးမြန်းရန် ဖုန်း - ၀၆၇-၄၀၈၆၇၅၊ ၀၆၇-၄၀၈၆၇၆ )