မြန်မာ့ဆေးဝါးလုပ်ငန်းမှ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ်အတွင်း
တင်ဒါစနစ်ဖြင့် ဝယ်ယူသွားမည့် ဆေးဝါးကုန်ကြမ်းနှင့်ထုပ်ပိုးပစ္စည်းများစာရင်းကြော်ငြာခြင်း
စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ(အင်းစိန် ၊ အင်ရောင်း) တို့အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာကျပ်ငွေဖြင့် တင်ဒါခေါ်ဆိုဝယ်ယူမည့် ပြည်တွင်း/ပြည်ပ ဆေးဝါးကုန်ကြမ်း၊ ထုပ်ပိုးပစ္စည်းနှင့် တိရစ္ဆာန်အစားအစာ (၅၅) မျိုးကို လုပ်ထုံးလုပ်နည်းများနှင့်အညီ အိတ်ဖွင့်တင်ဒါ ခေါ်ဆို ဝယ်ယူသွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်-