ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်ရရှိရန် လုပ်ဆောင်ရမည့် အစီအစဉ်များ
အဆင့် (၁)
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာလုပ်ငန်းများဖြစ်သည့် သိုလှောင်ခြင်း၊ နည်းပညာအရပြုပြင်ခြင်း၊ ထုတ်လုပ်ခြင်း၊ သုံးစွဲခြင်း၊ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ သယ်ယူ ပို့ဆောင်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ဖြန့်ဖြူးခြင်း၊ ဝယ်ယူခြင်း၊ ရောင်းချခြင်းကိစ္စရပ်များအား လုပ်ငန်းလုပ်ဆောင်နေသူများသည် လုပ်ငန်းလိုင်စင်ကို လျှောက်ထားရန်လိုအပ်သည်။
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်လျှောက်ထားသူသည် စက်မှု ဝန်ကြီးဌာနရှိ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်း လိုင်စင်လျှောက်လွှာပုံစံ(၁) နှင့်အတူ ဖော်ပြပါပူးတွဲစာရွက်စာတမ်းများဖြင့် တင်ပြရပါမည်။
(က) ကုမ္ပဏီ Letter Head ဖြင့် Board of Director အဖွဲ့ဝင်တစ်ဦးဦးမှ လက်မှတ်ရေး ထိုးထားသည့် လျှောက်လွှာ(မှတ်ပုံတင် သို့မဟုတ် Passport မိတ္တူပူးတွဲ)
( ခ ) ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်
( ဂ ) လုပ်ငန်းနှင့်ပတ်သက်သည့် အချက်အလက်များနှင့် စာရွက်စာတမ်းမိတ္တူ(၁)စုံ
(ဃ) ပညာရပ်ဆိုင်ရာအရည်အချင်းနှင့်အတွေ့အကြုံများအတွက် အထောက်အထား မိတ္တူ
( င ) အထွေထွေနစ်နာဆုံးရှုံးမှုအား ပေးလျော်ရန်အတွက် အာမခံထားရှိမှုမိတ္တူ
( စ ) လိုအပ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနများ၏ ထောက်ခံချက် (သို့) ခွင့်ပြုမိန့်
အဆင့်(၂)
ဗဟိုကြီးကြပ်ရေးအဖွဲ့သည် နည်းဥပဒေ ၁၇ အရ လိုင်စင်လျှောက်ထားသည့် ကိစ္စနှင့် စပ်လျဉ်း၍ လျှောက်လွှာပုံစံ(၁)အား ပြည့်စုံမှန်ကန်စွာဖော်ပြထားခြင်းရှိ/မရှိနှင့် ပူးတွဲတင်ပြမည့် စာရွက်စာတမ်းများ ပြည့်စုံခြင်းရှိ/မရှိ စိစစ်ရမည်။ တင်ပြချက်တွင် သတ်မှတ်ချက်များနှင့် မညီညွတ်ခြင်း (သို့) အခြားအချက်အလက်များလိုအပ်ပါက လျှောက်ထားသူအား အကြောင်း ကြားဆောင်ရွက်မည်ဖြစ်ပါသည်။ အချက်အလက်ပြည့်စုံပါက လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရန် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်ကြီးကြပ်ရေးအဖွဲ့များထံသို့ အကြောင်းကြားဆောင်ရွက်မည်ဖြစ်ပါသည်။
အဆင့်(၃)
ကွင်းဆင်းစစ်ဆေးတွေ့ရှိချက်အစီရင်ခံစာသည် လိုင်စင်ထုတ်ပေးရန် ထောက်ခံပါက လျှောက်ထားသူသည် နေပြည်တော်၊ မြန်မာ့စီးပွားရေးဘဏ်ရှိ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန၏ ဘဏ်အကောင့် (MD-012564) သို့ လိုင်စင်ခ ပေးသွင်းရပါမည်။
(၁) လိုင်စင်ခ
စဉ် | လုပ်ငန်းအရေအတွက် | နှုန်း(ကျပ်) | သက်တမ်း |
(က) | ၁ ခု | ၁၀၀,၀၀၀ | ၂ နှစ် |
( ခ ) | ၂ ခု | ၂၀၀,၀၀၀ | ၂ နှစ် |
( ဂ ) | ၃ ခုနှင့်အထက် | ၃၀၀,၀၀၀ | ၂ နှစ် |
(၂) လိုင်စင်သက်တမ်းတိုးမြှင့်ခ
စဉ် | လုပ်ငန်းအရေအတွက် | နှုန်း(ကျပ်) | သက်တမ်း |
(က) | ၁ ခု | ၈၀,၀၀၀ | ၂ နှစ် |
( ခ ) | ၂ ခု | ၁၆၀,၀၀၀ | ၂ နှစ် |
( ဂ ) | ၃ ခုနှင့်အထက် | ၂၄၀,၀၀၀ | ၂ နှစ် |
အဆင့်(၄)
လျှောက်ထားသူကိုယ်တိုင်လိုင်စင်ထုတ်ယူပါက မှတ်ပုံတင်မူရင်း၊ မိတ္တူတစ်စုံနှင့်သော် လည်းကောင်း၊ ကိုယ်စားဖြစ်ပါက ကိုယ်စားလှယ်လွှဲစာနှင့်အတူ မှတ်ပုံတင်မူရင်း၊ မိတ္တူတစ်စုံ နှင့်အတူ ယူဆောင်လာရပါမည်။
မှတ်ချက်။ လိုင်စင်သက်တမ်းသည် (၂) နှစ်သာဖြစ်သည်။
ဓါတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်လျှောက်လွှာပုံစံ(၁)ကို အောက်တွင် Download ရယူနိုင်ပါသည်။