ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပသို့တင်ပို့ခြင်းအတွက် ထောက်ခံချက်ရရှိရန် လုပ်ဆောင်ရမည့် အစီအစဉ်များ
အဆင့်( ၁ )
လုပ်ငန်းလိုင်စင်နှင့် မှတ်ပုံတင်လက်မှတ် ရရှိသူသည် ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်ပသို့ တင်ပို့ခြင်းအတွက် စက်မှုဝန်ကြီးဌာနရှိ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ ထောက်ခံချက် လျှောက် ထားရန် လိုအပ်ပါသည်။ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်ပသို့ တင်ပို့ခြင်းအတွက် ထောက်ခံချက် လျှောက်ထားသူသည် “ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်ပသို့ တင်ပို့ခြင်းအတွက် ထောက်ခံချက် လျှောက်ထားခြင်း” လျှောက်လွှာ ပုံစံ-၃နှင့်အတူ အောက်ဖော်ပြပါ စာရွက်စာတမ်းများ ပူးတွဲ တင်ပြရမည်-
( က ) ကုမ္ပဏီ Letter Head ဖြင့် Managing Director သို့မဟုတ် Board of Director အဖွဲ့ဝင်တစ်ဦးဦးမှ လက်မှတ်ရေးထိုးထားသည့် လျှောက်လွှာ (လျှောက်ထားသူ၏ လက်မှတ်နှင့် Seal မူရင်းများ ပါရှိရန်)
( ခ ) Proforma Invoice မိတ္တူ (Country of Origin, Port of Loading, Discharging (Destination), Packing Type, Total Amount, လျှောက်ထားသူ၏ လက်မှတ်နှင့် Seal မူရင်းများ ပါရှိရန်)
( ဂ ) Sale Contract မိတ္တူ (ရောင်းချသူနှင့် ဝယ်ယူသူတို့၏ လက်မှတ်နှင့် Seal မူရင်းများ ပါရှိရန်)
( ဃ ) ဓာတုပစ္စည်း သို့မဟုတ် ဆက်စပ်ပစ္စည်းအား အသုံးပြုမည့်နေရာနှင့် အသုံးပြုပုံ (လျှောက်ထားသူ၏ လက်မှတ်နှင့် Seal မူရင်းများ ပါရှိရန်)
( င ) ဓာတ်ခွဲစမ်းသပ်ချက် (Analysis Report) (ဓာတ်ခွဲစမ်းသပ်သည့်နေ့မှစ၍ တစ်နှစ်အတွင်း သက်တမ်းရှိသော Analysis Report ဖြစ်ရမည်ဖြစ်ပြီး မူရင်းနှင့် မိတ္တူပါရှိရန်)
( စ ) Certificate of Analysis (COA), Safety Data Sheet (SDS) (ထုတ်လုပ်သည့် နိုင်ငံ၏ COA နှင့် SDS ဖြစ်ရန်၊ COA နှင့် SDS စာမျက်နှာတိုင်းတွင် ကုမ္ပဏီ၏ Seal ၊ လျှောက် ထားသူ၏ လက်မှတ်နှင့် Seal မူရင်းများ ပါရှိရန်)
( ဆ ) ကုမ္ပဏီမှတ်ပုံတင်တွဲ မိတ္တူ(လျှောက်ထားသူ၏ မှတ်ပုံတင် (သို့) Passport မိတ္တူ၊ ကုမ္ပဏီမှတ်ပုံတင်လက်မှတ် မိတ္တူ၊ ပို့ကုန်သွင်းကုန်မှတ်ပုံတင်လက်မှတ် မိတ္တူနှင့် Director List မိတ္တူတို့ ပါရှိရန်)
( ဇ ) ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်၊ မှတ်ပုံတင်လက်မှတ်နှင့် မှတ်ပုံတင်ထားသော ဓာတုပစ္စည်းအမည်စာရင်းများ မိတ္တူ (မှတ်ပုံတင်ထားသော ဓာတုပစ္စည်းများ အမည်စာရင်းတွင်လျှောက်ထားသည့် ဓာတုပစ္စည်းများအား High Light ပြုလုပ်ပြီး Proforma Invoice ပါအတိုင်း အမှတ်စဉ်တပ်ပေးရန်)
အဆင့် ( ၂ )
ဗဟိုကြီးကြပ်ရေးအဖွဲ့သည် လျှောက်လွှာ ပုံစံ-၃ နှင့် ပူးတွဲတင်ပြသည့် စာရွက်စာတမ်းများ ပြည့်စုံခြင်း ရှိ/မရှိ စစ်ဆေးပါသည်။ ပြည့်စုံမှုမရှိသော လျှောက်လွှာများအား လိုအပ်သည်များကို ဖြည့်စွက်၍ ပြန်လည်လျှောက်ထားရန် လျှောက်ထားသူသို့ အကြောင်းကြားပါသည်။
အဆင့်( ၃ )
လိုအပ်သော စာရွက်စာတမ်းများ ပြည့်စုံမှုရှိပါက လျှောက်ထားသူသို့ထုတ်ပေးမည့် “ ဓာတု ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်ပသို့ တင်ပို့ခြင်းအတွက် ထောက်ခံချက် ပုံစံ- ၅ ” အား ဗဟို ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ အတည်ပြုချက်ရယူပါသည်။
အဆင့် ( ၄ )
ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ အတည်ပြုချက်ရယူပြီးသော ထောက်ခံချက် ပုံစံ-၅ အား Scan ဖတ်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ Tradenet 2.0 စနစ်သို့ Online ဖြင့် ပို့ပေးပြီး ယင်း System ၏ Registration Nos. အား ရယူပါသည်။
အဆင့်( ၅ )
Registration Nos. ရယူပြီးသော ထောက်ခံချက်အား လျှောက်ထားသူသို့ ထုတ်ပေးပါသည်။ လျှောက်ထားသူကိုယ်တိုင် ထောက်ခံချက် လာရောက်ထုတ်ယူပါက မှတ်ပုံတင်မူရင်းနှင့် သော်လည်း ကောင်း၊ ကိုယ်စားလှယ်ဖြင့်ထုတ်ယူပါက ကိုယ်စားလှယ်လွှဲစာနှင့်အတူ ယင်း၏ မှတ်ပုံတင်မိတ္တူ တစ်စုံနှင့် သော်လည်းကောင်း လာရောက်ထုတ်ယူရပါသည်။
မှတ်ချက်။ ထောက်ခံချက် လျှောက်ထားရယူခြင်းအတွက် အခကြေးငွေပေးဆောင်ရန်မလိုပါ။
ထောက်ခံချက်သက်တမ်းသည် ( ၉ )လသာ ဖြစ်ပါသည်။
ဆက်သွယ်ရန်လိပ်စာ
စာချုပ်စာတမ်းများစိစစ်ရေးဌာန၊
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၊
စက်မှုဝန်ကြီးဌာန၊
ရုံးအမှတ်( ၃၀ )၊ နေပြည်တော်။
ဖုန်းနံပါတ်၊ ၀၆၇၃-၄၀၅၃၂၄။