ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းခြင်းအတွက် ထောက်ခံချက်ရရှိရန် လုပ်ဆောင်ရမည့် အစီအစဉ်များ
အဆင့် (၁)
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းခြင်းအတွက် ထောက်ခံချက် လျှောက်ထားသူသည် စက်မှုဝန်ကြီးဌာနရှိ ဗဟိုကြီးကြပ်ရေးအဖွဲ့သို့ "ဓာတုပစ္စည်းနှင့် ဆက်စပ် ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းခြင်းအတွက် ထောက်ခံချက်လျှောက်ထားခြင်း" ပုံစံ(၄)ကို ဖြည့်သွင်းပြီး ဖော်ပြပါ ပူးတွဲစာရွက်စာတမ်းများနှင့်အတူ လျှောက်ထားရမည်-
(က) ကုမ္ပဏီ Letter Head ဖြင့် Managing Director သို့မဟုတ် Board of Director အဖွဲ့ဝင်တစ်ဦးဦးမှ လက်မှတ်ရေးထိုးထားသည့် လျှောက်လွှာ (လျှောက်ထားသူ၏ လက်မှတ်နှင့် Seal မူရင်းများ ပါရှိရန်)
( ခ ) Proforma Invoice မိတ္တူ (Country of Origin, Port of Loading, Discharging (Destination), Packing Type, Total Amount, လျှောက်ထားသူ၏ လက်မှတ်နှင့် Seal မူရင်းများပါရှိရန်)
( ဂ ) Sale Contract မိတ္တူ (ရောင်းချသူနှင့် ဝယ်ယူသူတို့၏ လက်မှတ်နှင့် Seal မူရင်းများ ပါရှိရန်)
(ဃ) ဓာတုပစ္စည်း သို့မဟုတ် ဆက်စပ်ပစ္စည်းအား အသုံးပြုမည့်နေရာနှင့် အသုံးပြုပုံ (လျှောက်ထားသူ၏ လက်မှတ်နှင့် Seal မူရင်းများ ပါရှိရန်)
( င ) ဓာတ်ခွဲစမ်းသပ်ချက် (Analysis Report) (ဓာတ်ခွဲစမ်းသပ်သည့်နေ့မှစ၍ တစ်နှစ် အတွင်း သက်တမ်းရှိသော Analysis Report ဖြစ်ရမည်ဖြစ်ပြီး မူရင်းနှင့် မိတ္တူပါရှိရန်)
( စ ) Certificate of Analysis (COA), Safety Data Sheet (SDS) (ထုတ်လုပ်သည့် နိုင်ငံ သို့မဟုတ် တင်သွင်းသည့်နိုင်ငံ၏ COA နှင့် SDS ဖြစ်ရန်၊ COA နှင့် SDS စာမျက်နှာ တိုင်းတွင် ကုမ္ပဏီ၏ Seal ၊ လျှောက်ထားသူ၏ လက်မှတ်နှင့် Seal မူရင်းများ ပါရှိရန်)
(ဆ) ကုမ္ပဏီမှတ်ပုံတင်တွဲမိတ္တူ (လျှောက်ထားသူ၏ မှတ်ပုံတင် (သို့) Passport မိတ္တူ၊ ကုမ္ပဏီမှတ်ပုံတင်လက်မှတ် မိတ္တူ၊ ပို့ကုန်သွင်းကုန်မှတ်ပုံတင်လက်မှတ် မိတ္တူနှင့် Director List မိတ္တူတို့ ပါရှိရန်)
( ဇ ) ဓာတုပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများဆိုင်ရာ လုပ်ငန်းလိုင်စင်၊ မှတ်ပုံတင်လက်မှတ်နှင့် မှတ်ပုံတင်ထားသော ဓာတုပစ္စည်းအမည်စာရင်းများ မိတ္တူ (မှတ်ပုံတင်ထားသော ဓာတုပစ္စည်းများ အမည်စာရင်းတွင် လျှောက်ထားသည့် ဓာတုပစ္စည်းများအား High Light ပြုလုပ်ပြီး Proforma Invoice ပါအတိုင်း အမှတ်စဉ်တပ်ပေးရန်)
အဆင့်(၂)
ဗဟိုကြီးကြပ်ရေးအဖွဲ့သည် လျှောက်လွှာ ပုံစံ-၄ နှင့် ပူးတွဲတင်ပြသည့် စာရွက်စာတမ်းများ ပြည့်စုံခြင်း ရှိ/မရှိ စစ်ဆေးပါသည်။
အဆင့်( ၃ )
လိုအပ်သော စာရွက်စာတမ်းများ ပြည့်စုံမှုရှိပါက လျှောက်ထားသူသို့ ထုတ်ပေးမည့် “ ဓာတု ပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းခြင်းအတွက် ထောက်ခံချက် ပုံစံ- ၆ ” အား ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ အတည်ပြုချက်ရယူရပါသည်။ ပြည့်စုံမှုမရှိသော လျှောက်လွှာများအား လိုအပ်သည်များကိုဖြည့်စွက်၍ ပြန်လည်လျှောက်ထားရန် လျှောက်ထားသူသို့ အကြောင်းကြားပါသည်။
အဆင့် ( ၄ )
ဗဟိုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ အတည်ပြုချက်ရယူပြီးသော ထောက်ခံချက် ပုံစံ-၆ အား Scan ဖတ်၍ စီးပွားရေးနှင့်ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ Tradenet 2.0 စနစ်သို့ Online ဖြင့် ပို့ပေးပြီး ယင်း System ၏ Registration Nos. အား ရယူပါသည်။
အဆင့်( ၅ )
Registration Nos. ရယူပြီးသော ထောက်ခံချက်အား လျှောက်ထားသူသို့ ထုတ်ပေးပါသည်။ လျှောက်ထားသူကိုယ်တိုင် ထောက်ခံချက် လာရောက်ထုတ်ယူပါက မှတ်ပုံတင်မူရင်းနှင့် သော်လည်း ကောင်း၊ ကိုယ်စားလှယ်ဖြင့် ထုတ်ယူပါက ကိုယ်စားလှယ်လွှဲစာနှင့်အတူ ယင်း၏ မှတ်ပုံတင်မူရင်း/ မိတ္တူတစ်စုံနှင့် သော်လည်းကောင်း လာရောက်ထုတ်ယူရပါသည်။
မှတ်ချက်။ ထောက်ခံချက်လျှောက်ထားရယူခြင်းအတွက် အခကြေးငွေပေးဆောင်ရန်မလိုပါ။
ထောက်ခံချက်သက်တမ်းသည်ထုတ်ပေးသည့်နေ့မှ (၉) လအတွင်းသာဖြစ်သည်။
ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းခြင်းအတွက် ထောက်ခံချက်ရရှိရန် လျှောက်ထားခြင်း လျှောက်လွှာပုံစံ(၄)ကို အောက်တွင် Download ရယူနိုင်ပါသည်။