| ဝန်ဆောင်မှုရယူရန် အခြေခံလိုအပ်ချက်များ |
အသုံးပြုခွင့်လက်မှတ်ပျက်ပြယ်သည့် ဘွိုင်လာများကို ဆက်လက်အသုံးပြုနိုင်ရေးအတွက် နှစ်စဉ်စစ်ဆေးပေးရန် သက်ဆိုင်ရာစစ်ဆေးရေးမှူးထံ လျှောက်ထားရမည်။
| ဝန်ဆောင်ခ |
ဘွိုင်လာ၏ မီးရှိန်ရမျက်နှာပြင်ဧရိယာ(Heating Surface) အလိုက်အနည်းဆုံး ၂၀၀၀၀ ကျပ်မှ အများဆုံး ၁၅၀၀၀၀ ကျပ် အထိ
စဉ် မီးရှိန်ရမျက်နှာပြင်ဧရိယာ နှစ်စဉ်စစ်ဆေးခ
(စတုရန်းမီတာ) (ကျပ်)
(က) ၅ အထိ ၂၀၀၀၀
( ခ) ၅ အထက်မှ ၁၀ အထိ ၃၀၀၀၀
( ဂ) ၁၀ အထက်မှ ၃၀ အထိ ၄၀၀၀၀
(ဃ) ၃၀ အထက်မှ ၅၀ အထိ ၅၀၀၀၀
( င) ၅၀ အထက်မှ ၇၀ အထိ ၆၀၀၀၀
( စ) ၇၀ အထက်မှ ၉၀ အထိ ၇၀၀၀၀
(ဆ) ၉၀ အထက်မှ ၁၁၀ အထိ ၈၀၀၀၀
( ဇ) ၁၁၀ အထက်မှ ၂၀၀ အထိ ၁၀၀၀၀၀
( စျ) ၂၀၀ အထက် ၁၅၀၀၀၀
| ဝန်ဆောင်မှုအဆင့်များ |
(က) လျှောက်ထားသူသည် အသုံးပြုခွင့်လက်မှတ်အသစ်ထုတ်ပေးရန် ဘွိုင်လာ၏ မှတ်ပုံတင်အမှတ်နှင့် တစ်နှစ်ထက်မပိုသော အသုံးပြုလိုသည့်သက်တမ်းတို့ကို ဖော်ပြ လျှောက်ထားရမည်။
(ခ) လျှောက်ထားသူသည် သတ်မှတ်ထားသော ဘွိုင်လာစစ်ဆေးခအား သက်ဆိုင်ရာမြန်မာ့စီးပွားရေးဘဏ်သို့ ပေးသွင်းရမည်။
(ဂ) ဘွိုင်လာစစ်ဆေးရေးမှူးမှ စစ်ဆေးမည့်ရက်ကို လျှောက်ထားသူထံ ကြိုတင်အကြောင်းကြားပါမည်။
(ဃ) စစ်ဆေးမည့်ရက်တွင် လုပ်ငန်းရှင်မှ ဘွိုင်လာအားအစစ်ဆေးခံနိုင်ရန် ကြိုတင်ပြင်ဆင်ထားရမည်။
(င) ဘွိုင်လာစစ်ဆေးခြင်း အောင်မြင်ခဲ့လျှင် ဘွိုင်လာအသုံးပြုခွင့် လက်မှတ်အသစ်ကို ထုတ်ပေးမည်ဖြစ်ပါသည်။
| ဝန်ဆောင်မှုရရှိနိုင်မည့်တည်နေရာ |
အမှတ်(၁၁)၊ သပြေလမ်း၊ ရွာသစ်ကျေးရွာ၊ ပုဗ္ဗသီရိမြို့နယ်၊ နေပြည်တော်၊ ဖုန်း-၀၆၇-၅၅၀၃၆၂
အမှတ်(၁၉၂)၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း-၀၁-၅၅၁၉၈၇
အမှတ်(၂၉)၊ ကွင်းအမှတ်(၉၀၂)၊ သီတာအေးရပ်၊ ရန်ကုန်-မန္တလေးလမ်း၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့၊ ဖုန်း-၀၂-၂၁၀၉၇
အမှတ်(၁၅)ရပ်ကွက်၊ ပုသိမ်- ရန်ကုန်ကားလမ်း၊ ပုသိမ်လေဆိပ်ရှေ့၊ ပုသိမ်မြို့၊ ဖုန်း- ၀၄၂-၂၉၀၉၀
အကွက်(၆၆၇)၊ရတနာလမ်း၊ ကျန်စစ်သားနှင့်အောင်ဇေယျလမ်းကြား၊ ဇလုပ်ကျေးရွာအုပ်စု၊ နန္ဒဝန်မြို့သစ်၊ မုံရွာမြို့၊ ဖုန်း-၀၇၁-၂၃၂၀၄
အမှတ်(၉)၊ သမိန်ဗရမ်းလမ်း၊(၁၈)ရပ်ကွက်၊ ရပ်ကွက်ကြီး(၆)၊ ဉဿာမြို့သစ်၊ ပဲခူးမြို့၊ ဖုန်း-၀၅၂-၂၂၃၀၀၀၉
ဗိုလ်ချုပ်လမ်းနှင့်ပြည်တော်သာလမ်းထောင့်၊ ရွာသစ်ပွဲကြိုရပ်၊ မကွေးမြို့၊ ဖုန်း-၀၆၃-၂၅၁၄၃
အမှတ်(၅၀)၊ အထက်လမ်းမကြီး၊ စစ်ကဲကုန်းရပ်၊ မော်လမြိုင်မြို့၊ ဖုန်း-၀၅၇-၂၁၂၀၂
အမှတ်(၂၀/၂၅)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ မြို့မရပ်၊ တောင်ကြီးမြို့၊ ဖုန်း-၀၈၁-၂၁၂၂၄၄
ကုဿိန္ဒာရုံလမ်း၊ ဝဲကျွန်းညောင်ရမ်းရပ်ကွက်၊ ထားဝယ်မြို့၊ ဖုန်း-၀၅၉-၂၁၁၄၆
| ဆက်သွယ်ရမည့်လိပ်စာ |
ဌာနအမည် - ဘွိုင်လာစစ်ဆေးရေးဌာန(ရုံးချုပ်)
ဖုန်းနံပါတ် - ၀၆၇၃-၄၀၈၃၅၁၊ ၀၆၇၃-၄၀၈၄၀၁
အီးမေးလ်လိပ်စာ - boilerinspection01@gmail.com
လိပ်စာ - ရုံးအမှတ်(၄၁)၊ဇေယျဌာနီလမ်း၊ ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်။
| အမေးအဖြေကဏ္ဍ |