THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY


လုပ်ငန်းရှင်အသစ်များအတွက် သင်တန်း


Mon 16-03-2015

"Business Refreshers Email Training Course" အား အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန နှင့် Opportunities NOW Entrepreneurship School တို့ ပူးပေါင်း၍ စွန့်ဦးတီထွင်ဖွံ့ဖြိုးမှုအတွက် online သင်တန်းအဖြစ် ဖွင့်ထားလျက်ရှိပါသည်။ ယခုမည်သူမဆို အီးမေးလ်ဖြင့် register လုပ်၍ အခမဲ့ သင်ယူနိုင်ပါသည်။

 

Service Procedure: 


စာရင်းသွင်းလိုသောသူများသည် SME Center ၏ ဝက်ဘ်ဆိုဒ်ဖြစ်သည့်  http://smedevelopmentcenter.gov.mm/ တွင် ဘယ်ဘက်ထောင့် အောက်နားမှ "Business Refresher Online Training Course" တွင် နှိပ်၍စာရင်းပေးနိုင်ပါသည်။ အိုင်ဒီယာ ခေါင်းစဉ်ကို ယခုချက်ချင်းရရှိမည်ဖြစ်ပါသည်။ အခြားခေါင်းစဉ်များကိုငါးလ ဆက်တိုက် လစဉ်ရရှိသွားနိုင်မည်ဖြစ်ပါသည်။ အခြားခေါင်းစဉ်များမှာ ဈေးကွက် စီးပွားရေး၊ ဝယ်သူဝန်ဆောင်မှု၊ စာရင်းကိုင် နှင့် စီမံခန့်ခွဲမှုတို့ဖြစ်ပါသည်။ 

Opportunities NOW သည် မြန်မာနိုင်ငံမှ စွန့်ဦးတီထွင် သင်တန်းကျောင်းဖြစ်ပြီး လုပ်ငန်းစတင်ခြင်း၏ အဆင့်အမျိုးမျိုးအတွက် စီးပွားရေးသင်တန်းပေးခြင်းနှင့် လမ်းပြပံ့ပိုးခြင်းတို့ကို လုပ်ဆောင်ခြင်းဖြင့် ဆင်းရဲနွမ်းပါးမှုကို လျှော့ချရန် ကြိုးစားလုပ်ဆောင်လျက်ရှိပါသည်။ Opportunities NOW သည် လုပ်ငန်းတစ်ခုကြီးထွားရန် လိုအပ်သော အသိပညာကို ပေးသည်သာမက သင်တန်းသားများ၏ လုပ်ငန်းစတင်ရန်အတွက်လိုအပ်သည့် ရင်းနှီးမတည်ငွေကိုချေးငွေအဖြစ်ထုတ်ပေး၍ လစဉ်တွေ့ဆုံခြင်းဖြင့် စီမံမှုပေးပါသည်။ Opportunities NOW သည် ၄င်း၏ စွန့်ဦးတီထွင် သင်တန်းကျောင်းအား ၂၀၁၂ ခုနှစ် မေလတွင် ဖွင့်လှစ်ခဲ့ပြီး ဆက်လက်ကြီးထွားလျက်ရှိရာယခုလက်ရှိတွင်လုပ်ငန်းပေါင်း ၅၀ အား ချေးငွေထုတ်ပေး ခဲ့ပြီ ဖြစ်သည်။

Feature Service: 


Business Refreshers Email Training Course သင်တန်းသို.တက်ရောက်လိုပါက အောက်ဖော်ပြပါ လင့်တွင် ကလစ်ပြုလုပ်ခြင်းဖြင့် Register ပြုလုပ်ပါ

http://www.opportunitiesnow.org/businessrefreshers





Top