လိုင်စင်/ ပါမစ်ထုတ်ပေးသည့်ဌာန |
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန(လျှပ်စစ်စစ်ဆေးရေးဌာန) |
ရည်ရွယ်ချက် |
ဂျင်နရေတာ (လျှပ်ထုတ်စက်) အား အသုံးပြုရာတွင် အန္တရာယ်ကင်းရှင်းစေရန် |
လိုအပ်သည့်စာရွက်စာတမ်း |
(က) |
Company Letter Head ပါသော စစ်ဆေးပေးပါရန် လျှောက်လွှာ |
|
(ခ) |
Company မှတ်ပုံတင်လက်မှတ်မိတ္တူ |
|
(ဂ) |
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ပြုမိန့် (လိုအပ်ပါက) |
|
(ဃ) |
Test Certificate၊ စံသတ်မှတ်ချက်နှင့်အသေးစိတ်ဖော်ပြ ချက်များ |
|
(င) |
ဌာနမှနောက်ဆုံးထုတ်ပေးထားသည့် လျှပ်စစ်အန္တရာယ် ကင်းရှင်းလက်မှတ် (လိုအပ်ပါက) |
လုပ်ငန်းစဉ်အဆင့် |
(က) |
လျှောက်ထားသူသည် လျှပ်စစ်စစ်ဆေးရန်အတွက် လိုအပ် သော စာရွက်စာတမ်းများနှင့်တကွ လျှောက်လွှာကို သက် ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် စက်မှုကြီးကြပ် ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ တင်ပြ လျှောက်ထားရမည်။ |
|
(ခ) |
လျှောက်လွှာပုံစံနှင့် စံချိန်စံညွှန်း နည်းပညာဆိုင်ရာ သတ် မှတ်ချက်တို့ကို လျှပ်စစ်စစ်ဆေးရေးဌာနမှ စိစစ်ပါမည်။ |
|
(ဂ) |
စစ်ဆေးမည့်နေ့နှင့် လာရောက် စစ်ဆေးမည့်သူအမည်ကို စစ်ဆေးမည့် အချက်များနှင့်တကွ လျှောက်ထားသူထံ အကြောင်းကြားပါမည်။ |
|
(ဃ) |
လျှောက်လွှာတွင် ဖော်ပြထားသော စံသတ်မှတ်ချက်များနှင့်အညီ တည်ဆောက်ပြီးစီးပါက စစ်ဆေးရေးအဖွဲ့သည် လျှပ်ထုတ်စက်နှင့်လျှပ်စစ်သွယ်တန်း တပ်ဆင်မှုများအား မြေပြင် ကွင်းဆင်းစစ်ဆေးပါမည်။ |
|
(င) |
စစ်ဆေးပြီးနောက် ပြင်ဆင်ရန် လိုအပ်သည်များကို ၇ ရက် အတွင်း အပြီးဆောင်ရွက်ရပါမည်။ |
|
(စ) |
ပြင်ဆင်မှုအစီရင်ခံစာရရှိပြီးနောက်နှင့် စစ်ဆေးမှုမှတ်တမ်း များကို စစ်ဆေးသူတို့အား တင်ပြပြီးနောက် လိုအပ်ပါက စစ်ဆေးမှုကို နောက်တစ်ကြိမ် ထပ်မံစစ်ဆေးပါမည်။ |
|
(ဆ) |
စစ်ဆေးခကိုမြန်မာ့စီးပွားရေးဘဏ်ရှိ သတ်မှတ် ငွေစာရင်း ခေါင်းစဉ်သို့ စစ်ဆေးပြီးနောက်(၇)ရက် အတွင်း ပေးသွင်းရမည်ဖြစ်ပြီး မူရင်း ချလံ(၁) စောင်ကို ဌာနသို့ ပြန်လည်ပေးပို့ရမည်ဖြစ်ပါသည်။ |
|
(ဇ) |
စစ်ဆေးခြင်းနှင့် စစ်ဆေးခ ပေးသွင်းပြီးနောက် (လိုအပ်ပါက တပ်ဆင်မှုများတွင် ပြင်ဆင်မှုများ ဆောင်ရွက်ပြီးမှသာ) လျှပ်စစ်စစ်ဆေးရေးဌာနသည် လျှပ်စစ်အန္တရာယ်ကင်းရှင်းကြောင်း စစ်ဆေးပြီးဖြစ်ပါ၍ ထုတ်လုပ်ခြင်းနှင့် အသုံးပြုခြင်းမှတ်ပုံတင်လက်မှတ်ကို ထုတ်ပေးပါသည်။ |
ကုန်ကျစရိတ် |
နောက်ဆက်တွဲ (က) |
ကြာမြင့်ချိန် |
ရုံးဖွင့်ရက် အများဆုံး ၇ ရက် |
လျှောက်ထားရမည့်နေရာ |
သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန |
Online စနစ်ဖြင့်ဆောင်ရွက်နိုင်ခြင်း |
လျှောက်လွှာအား Email ဖြင့်ပေးပို့လျှောက်ထားနိုင်ပြီး စစ်ဆေးရေး လုပ်ငန်းများကို ကွင်းဆင်း၍ စစ်ဆေးရပါသည်။ |
လက်မှတ်ရေးထိုးသည့်ရာထူး/အဆင့် |
စစ်ဆေးရေးမှူး၊လျှပ်စစ်စစ်ဆေးရေးဌာန၊တိုင်းဒေသကြီး/ပြည်နယ်/ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် |
ဥပဒေ/ နည်းဥပဒေ အမည်နှင့် အညွှန်း ပုဒ်မ/ အပိုဒ်နံပါတ် |
လျှပ်စစ်ဥပဒေပုဒ်မ(၃၂) (င) |