THE REPUBLIC OF THE UNION OF MYANMAR

MINISTRY OF INDUSTRY


မှတ်ပုံတင်သက်တမ်းတိုးရန်


Thu 29-01-2015

  • မှတ်ပုံတင်ကြေးသတ်မှတ်ချက်များ
  • စက်မှုမှတ်ပုံတင်သက်တမ်းတိုးမြှင့်ခြင်း
  • သက်တမ်းတိုးမြှင့်ကြေးနှုန်းထားများ
  • ပုဂ္ဂလိကစက်မှုလုပ်ငန်းမှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးမြှင့်ခြင်းလုပ်ငန်းစဉ်များတွင် အသုံးပြုသောပုံစံများ
  • ပြောင်းလဲမှုများဆောင်ရွက်ခြင်း
  • လုပ်ငန်းခေတ္တရပ်ဆိုင်းခြင်းနှင့်အမြဲတမ်းပိတ်သိမ်းခြင်း
  • စက်မှုမှတ်ပုံတင်လက်မှတ်ပျောက်ဆုံးခြင်း

Service Procedure: 


ပုဂ္ဂလိကစက်မှုလုပ်ငန်းမှတ်ပုံတင်သက်တမ်းတိုးမြှင့်ခြင်း ဆောင်ရွက်မှုလုပ်ငန်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

  • လုပ်ငန်းရှင်သည်မှတ်ပုံတင်စက်မှုလုပ်ငန်းအား သက်တမ်းတိုးမြှင့်ရန်နှစ်စဉ် မှတ်ပုံတင်သက်တမ်းမကုန်ဆုံးမီ ရက်ပေါင်း(၃၀)အတွင်းကြိုတင်၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဦးစီးဌာနမှုးထံ ပုံစံ(င)ဖြင့်လျှောက်ထားပါသည်
  • ဖော်ပြပါစက်မှုလုပ်ငန်းသည် သတ်မှတ်ချက်များနှင့်ညီညွတ်ပြီး၊ သက်တမ်းတိုးမြှင့်ကြေးပေးသွင်းပြီးကြောင်း အထောက်အထားတင်ပြလျှင် တိုင်း/ပြည်နယ် ဦးစီးဌာနမှုးသည် မှတ်ပုံတင်သက်တမ်းတိုးမြှင့်ပေးရပါသည်။
  • အောက်ပါစက်မှုလုပ်ငန်းများအတွက် သက်တမ်းတိုးမြှင့်ခွင့်ကို ဦးစီးဌာနရုံးချုပ်မှစိစစ်၍ ပြည်ထောင်စုဝန်ကြီးဌာနသို့ တင်ပြရပါသည်
    • အရက်/ဘီယာလုပ်ငန်း
    • အချိုရည်၊အချိုရည်အမှုန့်လုပ်ငန်း
    • စီးကရက်လုပ်ငန်း
    • အနောက်တိုင်း/တိုင်းရင်းဆေးဝါးလုပ်ငန်း
    • အချိုမှုန့်လုပ်ငန်း
  • နှစ်စဉ်မှတ်ပုံတင်သက်တမ်းကုန်ဆုံးပြီးနောက် ရက်ပေါင်း(၆၀)အတွင်း သက်တမ်းတိုးလျှောက်ထားပါက သက်တမ်းတိုးကြေးအပြင် သက်တမ်းတိုးကြေး၏ ၅၀%ကို ဒဏ်ကြေးပေးဆောင်ရပါသည်။
  • နှစ်စဉ်ခွင့်ပြုကာလကုန်ဆုံးသည့်အထိ သက်တမ်းတိုးလျှောက်ထားခြင်းမရှိပါက စက်မှုမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ပါသည်။

 

More Information >> လုပ်ငန်းရှင်များအတွက် သိမှတ်ဖွယ်ရာများ (သက်တမ်းတိုးခြင်း)| www.disi.gov.mm/

 





Top